လက်တင်အမေရိက နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ နှစ်သိန်းခွဲအထိရှိလာ

၂၁ ဩဂုတ်

 

 

လက်တင်အမေရိက နိုင်ငံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၅,၀၀၀ ကျော်သွားကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံကနေ စတင်ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် အမေရိကနိုင်ငံတွေဟာ တခြားဒေသတွေကထက် ပိုပြီး ခံစားရပါတယ်။

 

 

လက်တင်အမေရိကနဲ့ ကာရစ်ဘီယံ ဒေသမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၆ ဒသမ ၅ သန်းရှိပြီး သေဆုံးသူ ၂၅၀,၉၆၉ ဦး ရှိကြောင်း သိရပါတယ်။

 

 

ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၃ ဒသမ ၅ သန်းနဲ့ သေဆုံးသူ ၁၁၂,၀၀၀ သေဆုံးကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

 

 

ပီရူးနိုင်ငံမှာ သေဆုံးသူ ၂၆,၀၀၀ ကျော်ရှိပြီး နိုင်ငံရဲ့ ဝင်ငွေဟာ ဒုတိယ လေးလပတ်မှာ ၃၀ ရာခိုင်နှုန်း ကျဆင်းကြောင်း မနေ့က ကြေညာခဲ့ပါတယ်။

 

 

မက္ကဆီကိုနိုင်ငံမှာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၆,၇၀၀ ကျော် တွေ့ရှိရာ ကူးစက်ခံရသူ စုစုပေါင်း ၅၄၃,၈၀၆ ဦးရှိပြီး သေဆုံးသူ ၅၉,၁၀၆ ဦး ရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP

 117386996_3680