လမိုင်းမြို့၊ မြို့မ(၁)ရပ်ကွက်၌ ဝါယာလျှော့ဖြစ်၍ မီးလောင်

လမိုင်း  ၁၃ ဒီဇင်ဘာ    

 

မွန်ပြည်နယ်၊ လမိုင်းမြို့၊ မြို့မ(၁) ရပ်ကွက်တွင် ယနေ့နံနက် ၂ နာရီက ကျော်မြတ်သူ၏ ဆံသဆိုင်မှ ဝါယာကြိုး ရှော့ဖြစ်ရာမှတစ်ဆင့် ဘေးချင်းကပ် ဆိုင်ကယ်ဝပ်ရှော့ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

8520963.741

 

မြို့မရဲစခန်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ စုပေါင်းငြှိမ်း သတ်ရာ နံနက် ၃ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး  ကျော်မြတ်သူအား မီးပေါ့ဆမှုကြောင့် လမိုင်းမြို့ရဲ့စခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

ဖြူအေး(ပြန်/ဆက်)