လမိုင်းမြို့မော့ကနင်ကျေးရွာတွင် နေအိမ် ၂၁ လုံး မီးလောင်

လမိုင်း  ၂၂   ဇွန် 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာအုပ်စု၊ မော့ကနင်ကျေးရွာ၊ အမှတ်(၃)၊ဗုဒ္ဓဂေသီလမ်းနေ ဦးနွတ်+ဒေါ်တင်မြ နေအိမ်မှ ဇွန် ၂၂ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၄၀ ခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်အပါအဝင် နေအိမ်(၂၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

 

မီးလောင်ရာနေရာသို့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မော့ကနင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ လမိုင်းမြို့အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မော့ကနင်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ မီးငြိှမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီးဖြင့် မီးငြိှမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲ အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

လမိုင်း(ပြန်/ဆက်)