လမ်းကွန်ရက်များ တိုးတက်ကောင်းမွန်စေခြင်းဖြင့် ပဲခူးတိုင်းဒေသကြီး လူမှုစီးပွားဖွံ့ဖြိုးစေမည်  

သတင်းဆောင်းပါး - ဗညားဦး

ဥဿာဟူ၍လည်းကောင်း၊      ဟံသာဝတီဟူ၍ လည်းကောင်း ခေါ်ဆိုကြသည့်ပဲခူးတွင် မွန်ဘုရင် များ  ထီးနန်းစိုးစံခဲ့သည့်  သမိုင်းကြောင်းသည် ယနေ့အထိ ထင်ရှားဆဲဖြစ်သည်။ ဟံသာဝတီမင်း နေပြည်တော်တည်ရှိပြီး  စည်ကားဝေစည်ခဲ့သည့် ပဲခူးတိုင်းဒေသကြီးသည်     ခေတ်အဆက်ဆက် ပြောင်းလဲရှင်သန်ရင်းဖြင့် လူဦးရေ ၄ ဒသမ ၈ သန်း ကျော်  မှီတင်းနေထိုင်သော  လူဦးရေထူထပ်သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်လာသည်။ 

တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသတွင် နေထိုင်သည့် ကျေးလက်နေပြည်သူ ၇၈ ရာခိုင်နှုန်း ကျော်ရှိပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြ သည်။  သို့ဖြစ်၍  တိုင်းဒေသကြီးအတွင်းမှ  ထွက်ရှိ သည့် စပါး၊ ကွမ်း၊ ကြံ၊ ပြောင်း၊ မြေပဲ၊ နှမ်း၊နေကြာ၊ ပဲ၊ ရော်ဘာ၊ ဆေးရွက်ကြီး စသည့်စိုက်ပျိုးသီးနှံမျိုးစုံ ကို အချိန်မီရောင်းဝယ်ဖောက်ကားနိုင်ရန် လမ်းများ ကောင်းမွန်ရေးသည် အခြေခံလိုအပ်ချက်ဖြစ်လာ သည်။

လမ်းကွန်ရက်များကောင်းမွန်ရေး

ထို့ပြင် တောင်ဘက်တွင် ရန်ကုန်တိုင်းဒေသ ကြီး၊ မြောက်ဘက်တွင် နေပြည်တော် ၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊အရှေ့မြောက် ဘက်တွင် ကရင်ပြည်နယ်၊  အရှေ့တောင်ဘက်တွင် မွန်ပြည်နယ်၊   အနောက်ဘက်တွင်   ဧရာဝတီတိုင်း ဒေသကြီး၊  ရခိုင်ပြည်နယ်တို့နှင့်  ထိစပ်ချိတ်ဆက် ကာ   ကုန်စည်ကူးသန်းရောင်းဝယ်ရေးအပါအဝင် လူမှုစီးပွားလှုပ်ရှားမှုများအတွက်  ဖြတ်သန်းသွားလာအသုံးပြုမှုများသဖြင့်   တိုင်းဒေသကြီးအတွင်းရှိ လမ်းကွန်ရက်များကောင်းမွန်ရေးကို  တိုင်းဒေသ ကြီး လမ်းဦးစီးဌာနအနေဖြင့် အားစိုက်ဆောင်ရွက် လျက်ရှိသည်။

တိုင်းဒေသကြီး လမ်းဦးစီးဌာနသည် ဒေသတွင်း လမ်းများကောင်းမွန်စေရေး    ဆောင်ရွက်ရာတွင် AC လမ်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ကျောက်ချော  လမ်း၊ အမာခံလမ်း၊  မြေလမ်း  စသည့်လမ်းအမျိုး အစားများကို    ဘဏ္ဍာငွေရရှိမှုအပေါ်   မူတည်၍ ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

နှစ်စဉ်ရရှိသော ဘဏ္ဍာရန်ပုံငွေများဖြင့် လမ်း အဆင့်မြှင့်တင်ခြင်း၊ လမ်းဖောက်လုပ်ခြင်း လုပ်ငန်း များဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအတွင်း Paved Ratio (ကတ္တရာ ကွန်ကရစ် /ကွန်ကရစ် / ကတ္တရာ လမ်းဖြစ်ပြီး လမ်းမိုင်အချိုး) အနေဖြင့် ၉၂ ရာခိုင် နှုန်းအထိတိုးတက်အောင်   တိုင်းဒေသကြီး   လမ်း ဦးစီးဌာနမှ ဖော်ဆောင်နိုင်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ တိုင်းဒေသကြီးအတွင်း က  လမ်းပိုင်းတွေကောင်းမွန်ရေး   ဆောင်ရွက်တဲ့ နေရာမှာ ပြည်ထောင်စုလမ်းမိုင်အချိုးနဲ့ တိုင်းဒေသ ကြီး လမ်းမိုင်အချိုးမှာ (၄၁ ရာခိုင်နှုန်း အချိုး  ၅၉ ရာခိုင်နှုန်း)ဖြစ်ပြီး လမ်းဦးစီးဌာနက တာဝန်ယူတဲ့ လမ်းမိုင်အချိုးနှင့်  B.O.T စနစ်နဲ့  ဆောင်ရွက်တဲ့ လမ်းမိုင်အချိုးမှာ ( ၇၃ ဒသမ ၄ ရာခိုင်နှုန်း အချိုး ၂၆ ဒသမ ၆ ရာခိုင်နှုန်း) ရှိပါတယ်” ဟု တိုင်းဒေသ ကြီး  လမ်းဦးစီးဌာနမှ  ညွှန်ကြားရေးမှူး  (မြို့ပြ) ဦးတိုးတိုးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းများ/တံတား များ ကောင်းမွန်စေရန်အတွက် လမ်းဦးစီးဌာနမှ ခရိုင် လေးခု၊ လမ်းအထူးအဖွဲ့  နှစ်ဖွဲ့၊   တံတားဦးစီး ဌာနမှ တံတားအထူး အဖွဲ့ တစ်ဖွဲ့ဖြင့် လမ်း/တံတား လုပ်ငန်း များကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ 
“မြို့ပေါ်လမ်းတွေက  အားလုံးနီးပါး  ကောင်း နေပြီ။  ဒီလိုပဲ တိုင်းဒေသကြီးထဲက တခြားမြို့တွေက လမ်းတွေကောင်းလာတာလည်း  အထင်အရှားပါ။ ဒေသတစ်ခုတိုးတက်ဖို့     လမ်းကအခြေခံဖြစ်တဲ့ အတွက်   လမ်းကောင်းတော့   ပြည်သူစိတ်ချမ်းသာ တာပေါ့။ ပြည်သူတွေအနေနဲ့  ဖွံ့ဖြိုးမှုကို  မျက်မြင် ခံစားနိုင်တာ  လမ်းလို့ဆိုနိုင်ပါတယ်” ဟု ပဲခူးမြို့မှ ဒေသခံ ဦးဝင်းမြင့်က ပြောသည်။

ပဲခူးတိုင်းဒေသကြီး        လမ်းဦးစီးဌာနသည်  ပြည်ထောင်စုမှ  စီမံခန့်ခွဲလျက်ရှိသည့်  လမ်း ၁၂ လမ်း (လမ်းမိုင်အရှည် ၅၄၈ မိုင် ၇ဖာလုံ ၃၆၀ ပေ)၊  တိုင်းဒေသကြီးမှ စီမံခန့်ခွဲလျက်ရှိသည့်လမ်း ၄၃ လမ်း (လမ်းမိုင်အရှည် ၇၉၃ မိုင် ၂ ဖာလုံ ၅၀၇ ပေ)၊    လမ်းအရေအတွက်စုစုပေါင်း ၅၅ လမ်း (လမ်းမိုင် အရှည်အားဖြင့်  ၁၃၄၂ မိုင် ၂ ဖာလုံ ၂၀၇ ပေ)နှင့် ပေ ၁၈၀ အထက်  သံကူကွန်ကရစ်တံတား အပါ အဝင်  စုစုပေါင်းတံတား ၃၀၃၁ စင်းကို  တာဝန် ယူဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လမ်းပိုင်းများ အနက် လမ်းမိုင်   ၃၅၆ မိုင် ၆ ဖာလုံကို ပုဂ္ဂလိက ကုမ္ပဏီငါးခုက    B.O.T စနစ်ဖြင့်      တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

ဘဏ္ဍာနှစ်အလိုက်သာ ဆောင်ရွက်နိုင်

“တိုင်းဒေသကြီးထဲက  ပြည်သူတွေအတွက် လိုအပ်တဲ့    လမ်းပိုင်းတွေကို   ဆောင်ရွက်တဲ့အခါ နိုင်ငံတော်အနေနဲ့      ဖွံ့ဖြိုးရေးကဏ္ဍအစုံကို ဆောင်ရွက်ရတဲ့အတွက်     ဘဏ္ဍာနှစ်အလိုက်ပဲ ဆောင်ရွက်နိုင်ပါတယ်။  ဒါကြောင့်  ကျွန်တော်တို့ ဌာနအနေနဲ့ B.O.T စနစ်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို ဆောင်ရွက်စေပြီးတော့   ပြည်သူတွေရဲ့   အခြေခံ လိုအပ်ချက်ဖြစ်တဲ့    လမ်းကောင်းမွန်ရေးကို ဖြည့်ဆည်းဆောင်ရွက်ရပါတယ်။ ကျွန်တော်တို့က ပြည်သူ့ကိုယ်စားဆောင်ရွက်ရတဲ့  လမ်းရဲ့ ပိုင်ရှင်ပါ။ ဒါကြောင့်မို့ နိုင်ငံ့ဘဏ္ဍာနဲ့ဖြစ်စေ၊ B.O.T စနစ်နဲ့ ဖြစ်စေ ဆောင်ရွက်တဲ့ လမ်းတိုင်းကို အရည်အသွေးမီ အောင်၊ အချိန်မီပြီးစီးအောင် အဓိကထားပါတယ်”ဟု ပဲခူးခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်  ညွှန်ကြား ရေးမှူး (မြို့ပြ) ဦးမင်းသူရစိုးက ပြောသည်။

B.O.T စနစ်ဖြင့် မက်(စ်) ဟိုင်းဝေး၊ ရွှေသံလွင်၊ ဟိုက်စတား၊  ကမ္ဘောဇနှင့် Oriental High Way  ကုမ္ပဏီတို့က ရန်ကုန်-တောင်ငူ-မန္တလေးလမ်း၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-မော်လမြိုင်-မြိတ် လမ်း၊  စစ်တောင်းတံတား(မုပ္ပလင်)ချဉ်းကပ်လမ်း၊ ပဲခူးမြို့တွင်းလမ်းနှင့် ပြည်မြို့တွင်းလမ်း စသည့် လမ်းပိုင်း ခြောက်ခုကို      သက်ဆိုင်ရာလမ်းမိုင် အလိုက် ဆောင်ရွက်လျက်ရှိသည်။

“ကျွန်တော်တို့  ကုမ္ပဏီအနေနဲ့  ရန်ကုန်-မန္တလေးလမ်းမကြီး (ထောက်ကြန့်- ပဲခူးအပိုင်း) မှာ လမ်းအရှည်  ၃၃ မိုင် ၅ ဖာလုံကို B.O.T စနစ်နဲ့ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ ထောက်ကြန့်  ကနေ  ပဲခူးမြို့ရှောင်လမ်းထိပ်အထိ  လမ်းအကျယ် ၇၂ ပေ၊ လမ်းအရှည် ၂၇  မိုင် ၇ ဖာလုံ၊ ပဲခူးမြို့ရှောင် လမ်းထိပ်ကနေ ဆင်ဖြူတွင်းလမ်းခွဲအထိ လမ်း အကျယ် ၂၄ ပေ၊ လမ်းအရှည် ၅ မိုင် ၆ ဖာလုံဖြစ်ပါ တယ်။  ပြီးတော့   ပဲခူးမြို့တွင်းလမ်းအနေနဲ့   ပဲခူး မြို့ရှောင်လမ်းထိပ်ကနေ နာရီစင်အထိ လမ်းအကျယ် ၇၂ ပေ၊ လမ်းအရှည် ၄ မိုင် ၇ ဖာလုံ ဖြစ်ပါတယ်”ဟု  Max Highway Co.,Ltd ၏ တာဝန်ခံ ဒုတိယအင်ဂျင် နီယာချုပ် ဦးမြင့်သိန်းဌေးက ပြောသည်။

“ကျွန်တော်တို့ တာဝန်ယူဆောင်ရွက်တဲ့ လမ်း တွေမှာ  လမ်းအဆင့်မြှင့်တင်မှုအနေနဲ့   ကတ္တရာ ကွန်ကရစ်ထပ်ပိုးလွှာ အသစ်ခင်းတာ၊ Guard Rail, Road Sign တပ်ဆင်တာ၊ လမ်းလယ်ကျွန်း ပန်း အလှပင်တွေ စိုက်ပျိုးတာ၊ ရန်ကုန်-မန္တလေးလမ်းမ ကြီးနဲ့  အဓိကလမ်းဆုံတွေကို Intersection Impr- ovement ပြုလုပ်တာတွေ ဆောင်ရွက်လျက်ရှိပါ တယ်။  လမ်းထိန်းသိမ်းမှုအနေနဲ့  လမ်းပေါက်တွေ စနစ်တကျဖာထေးတာ၊  Lane Marking ဆေးအသစ် ပြန်ဆွဲတာ၊ လမ်းလယ်ကျွန်းကပ်တုံးတွေ၊ မိုင်၊ ဖာလုံ တိုင်တွေ၊ တံတားတွေဆေးသုတ်တာ၊ လမ်းလယ် ကျွန်းသစ်ပင်တွေ အစားထိုးစိုက်ပျိုးတာ၊ လမ်းပခုံး ခင်းတာ ဒါတွေကို အသေးစိတ်ဆောင်ရွက်ရပါတယ်။ ကျွန်တော်တို့      တာဝန်ယူထားတဲ့လမ်းတွေနဲ့ ပတ်သက်ပြီး လမ်းဦးစီးဌာနက လမ်းညွှန်မှုပြုသလို လမ်းဦးစီးဌာနနဲ့ B.O.T ကုမ္ပဏီတွေ လစဉ်အစည်း အဝေးပြုလုပ်ပြီး     လုပ်ငန်းဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနဲ့    ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းတွေကို     ညှိနှိုင်းဆောင်ရွက်လျက်ရှိပါ တယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

လုပ်ငန်းစဉ်များချမှတ်ထား

လမ်းများ တိုးတက်ကောင်းမွန်ရေး ဆောင်ရွက် ရာတွင်   နှစ်ရှည်ပင်မစီမံကိန်းတွင်   ပါဝင်သော နိုင်ငံတကာနှင့် ဆက်သွယ်သည့်လမ်းများ၊ အဓိက ပြည်ထောင်စုလမ်းများအား ကတ္တရာလမ်း ၃ ဒသမ ၆၆ မီတာအကျယ်မှ ၅ ဒသမ ၅မီတာ အကျယ် ချဲ့ရန်နှင့်  ၇ မီတာအကျယ် ကတ္တရာကွန်ကရစ်လမ်း အဖြစ်ရရှိအောင် ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေ ပေါ်မူတည်၍  အဆင့်ဆင့်တိုးမြှင့်ဖောက်လုပ်ရန်၊ တိုင်းဒေသကြီးလမ်းများအား ရာသီမရွေးသွားလာ နိုင်သည့် လမ်းဖြစ်ရန်နှင့် ၃ ဒသမ ၆၆ မီတာ (၁၂ ပေ)  အကျယ်မှ   ၅ ဒသမ ၅ မီတာ  (၁၈ ပေ)အကျယ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်နိုင်ရန် ဘဏ္ဍာ နှစ်အလိုက်  ရရှိရန်ပုံငွေပေါ်မူတည်၍  အကောင် အထည်ဖော်ဆောင်ရန်ဟူသည့် လုပ်ငန်းစဉ်များကို လမ်းဦးစီးဌာနမှ ချမှတ်ထားသည်။

ထိုကဲ့သို့ချမှတ်ထားသော လုပ်ငန်းစဉ်များနှင့် အညီဆောင်ရွက်ပြီး    အရည်အသွေးပြည့်မီသော လမ်းလုပ်ငန်းများဖြစ်စေရန်     လမ်းဦးစီးဌာနမှ အရည်အသွေးစိစစ်ရေးအဖွဲ့များ၏ စစ်ဆေးစိစစ် မှုများဖြင့် တိုင်းဒေသကြီးအတွင်းရှိ လမ်းပိုင်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ 

“လမ်းကောင်းတဲ့အကျိုးကို လမ်းကိုအသုံးပြု တဲ့သူက  အသိဆုံးပါ။   ကျွန်တော်က   ကုန်ကား မောင်းပြီး     လမ်းပေါ်မှာ     အသက်မွေးဝမ်းကျောင်းရတယ်။ ဒီတော့ ကိုယ့်အသက် အန္တရာယ်ထိခိုက်မှုကို လမ်း ကောင်းရင်    လျှော့ချပေးနိုင်တယ်လို့မြင်တယ်။ မောင်းတဲ့သူကလည်း  စည်းကမ်းလိုက်နာဖို့တော့ လိုတာပေါ့။  ဒီနေရာမှာ တချို့က လမ်းအသုံးပြုခ ကောက်ခံတာကို မနှစ်သက်တာရှိတယ်။ ဒါက တော့ နိုင်ငံတကာမှာလည်း   ရှိတာပဲ။   လမ်းကောင်း ဖို့အတွက် လုပ်ဆောင်ရတဲ့သဘောတရားကို နားလည် မှုရှိရမှာပေါ့။ ကျွန်တော်တို့ကတော့ လမ်းကောင်းရင် စိတ်ချမ်းသာတဲ့ ပြည်သူမို့ ကြည်ကြည်ဖြူဖြူပေး နိုင်တယ်” ဟု  လှည်းကူးမြို့မှ ကုန်ကားမောင်းသူ ဦးတင်ညွန့်က ဆိုသည်။

တိုင်းဒေသကြီး        လမ်းဦးစီးဌာနသည် ပြည်ထောင်စု/တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကတ္တရာ ကွန်ကရစ် (AC) လမ်း  ၁ ဒသမ ၉၆ မိုင်၊ ကွန်ကရစ် လမ်း ၇ ဒသမ ၂၇မိုင်၊  ကတ္တရာလမ်းသစ်ခင်းခြင်း  ၃ ဒသမ ၆၇၉ မိုင်၊ ကတ္တရာလမ်းချဲ့ခြင်းနှင့် အဆင့် မြှင့်တင်ခြင်း  ၅၅ ဒသမ ၂၂၄၅ မိုင်၊  ကျောက်လမ်း ၄ ဒသမ ၁၂၅ မိုင်၊ အမာခံလမ်း ၁ မိုင်၊ မြေသား တာပေါင်တည်ဆောက်ခြင်း     ၁၂ ဒသမ ၅၆၃ မိုင်၊  ပေ ၅၀   နှင့်အထက်    သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း သုံးစင်း၊ ပေ ၅၀အောက်သံကူ ကွန်ကရစ်တံတားနှင့်     ရေပြွန်တည်ဆောက်ခြင်း ၄၄စင်း၊  ကျောက်စီရေမြောင်းနှင့်   မြေကာနံရံ တည်ဆောက်ခြင်း  ၃၁၈၂ပေ၊ အသိပေး/ သတိပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် သာမန်ပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းများစသည့်     လုပ်ငန်းအပါအဝင် လုပ်ငန်းအမျိုးအစားပေါင်း  ၁၃ ခု ၊    လုပ်ငန်းအရေ အတွက် ၂၃၂ ခု ဖြင့် လမ်း/ တံတား အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ  ခြောက်လ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လမ်းဦးစီးဌာနသည် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စု / တိုင်းဒေသကြီး ရန်ပုံငွေ များဖြင့်  ကတ္တရာကွန်ကရစ် (AC)လမ်းခင်းခြင်း ၂ မိုင် ၂ ဖာလုံ၊   ကွန်ကရစ်  လမ်းခင်းခြင်း  ၁၅ မိုင်  ၀ ဒသမ ၂ ဖာလုံ၊ ကတ္တရာလမ်းသစ်ခင်းခြင်း ၀  မိုင် ၆ ဖာလုံ၊  ကတ္တရာလမ်းချဲ့ခြင်း၊   ကတ္တရာထပ်ပိုး လွှာခင်းခြင်းနှင့် လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာ ရေပိတ်လွှာလောင်းခြင်း ၁၅ မိုင် ၂ ဒသမ ၅ ဖာလုံ၊ ကျောက်လမ်းခင်းခြင်း ၉ မိုင် ၁ ဖာလုံ၊ မြေသား တာပေါင်တည်ဆောက်ခြင်း    ၁၁ မိုင် ၇ ဖာလုံ၊  ပေ ၅၀ နှင့်အထက်     သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း နှစ်စင်း၊ ပေ ၅၀ အောက် သံကူ ကွန်ကရစ်တံတားနှင့်      ရေပြွန်တည်ဆောက်ခြင်း ၂၇ စင်း၊        ကီလိုမီတာတိုင်/အသိပေး/သတိပေး  ဆိုင်းဘုတ်များစိုက်ထူခြင်းနှင့်   သာမန်ပြင်ဆင် ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။

“ကျွန်တော်တို့  ဌာနအနေနဲ့ အခုဘဏ္ဍာနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ လျာထားတဲ့ လုပ်ငန်းတွေ ပြီးစီးတဲ့အခါ Paved Ratio (ကတ္တရာကွန်ကရစ် /ကွန်ကရစ်/ကတ္တရာလမ်းဖြစ်ပြီး  လမ်းမိုင်အချိုး) အနေနဲ့  ၉၂ ဒသမ ၅ ရာခိုင်နှုန်းအထိ   တိုးတက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။   တိုင်းဒေသကြီး အတွင်းမှာ  အဆင့်မြှင့်ဖို့ ကျန်ရှိနေတဲ့  ကျောက်လမ်း၊ အမာခံလမ်းနဲ့  မြေလမ်းတွေကိုလည်း   လာမယ့် ဘဏ္ဍာနှစ်တွေမှာထည့်သွင်းပြီး  နှစ်အလိုက်ရရှိတဲ့ နိုင်ငံတော်ဘဏ္ဍာနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးက ဆိုသည်။

သို့ဖြစ်၍  တိုင်းဒေသကြီး  လမ်းဦးစီးဌာနအနေ ဖြင့် ဌာန၏ လုပ်ငန်းစဉ်နှင့်အညီ ရာသီမရွေးသွားလာ နိုင်သည့် လမ်းဖြစ်ရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ လမ်းကွန်ရက်များကို ၃ ဒသမ ၆၆ မီတာ (၁၂ ပေ) အကျယ်မှ   ၅ ဒသမ ၅ မီတာ (၁၈ ပေ) အကျယ် ကတ္တရာလမ်းအဖြစ်           အဆင့်တိုးမြှင့်နိုင်ရေး တို့ကို        ပြည်သူများအတွက်   ရည်ရွယ်ကြိုးပမ်း ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း တင်ပြလိုက် ရပါသည်။        ။