လန်ဒန် နှစ်သစ်ကူးအကြိုရက် မီးရှူးမီးပန်း ပစ်လွှတ်ပွဲကို လူပေါင်းတစ်သိန်းကျော် စောင့်မျှော်ကြည့်ရှု

၁ ဇန်နဝါရီ 

 

လန်ဒန်အလယ်ပိုင်းတွင် ယမန်နေ့ညက နှစ်သစ်ကူးအကြိုရက် မီးရှူးမီးပန်း ပစ်လွှတ်ပွဲကို ကြည့်ရှုရန်  လူပေါင်းတစ်သိန်းကျော် မျှော်လင့်နေကြကြောင်း ပြည်တွင်းမီဒီယာ ဖော်ပြချက်များအရ သိရသည်။

 

ထိုမီးရှူးမီးပန်း ပစ်လွှတ်ပွဲမတိုင်မီ ကြိုတင်၍ လမ်းများပိတ်ထားခဲ့ကြောင်း၊ အဆိုပါ မီးရှူးမီးပန်း ပစ်လွှတ်ပွဲကို ကြည့်ရှုရန် လက်မှတ်များ မရရှိနိုင်တော့သော်လည်း  ဂရင်းနစ် ပန်းခြံ၊ ဟမ်းစတိ ကွင်းပြင် ၊ဗက်ရှ်ဟော တံတားနှင့် လမ်းဗတ် တံတား တို့မှ မြင်နိုင်ကြောင်းနှင့် ဂရင်းနစ်စံတော်ချိန် ၂၃၃၅ မှ  ဘီဘီစီဝမ်းတွင်လည်း ပြသမည် ဖြစ်ကြောင်း  ဖော်ပြထားသည်။

 

ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မီးရှူးမီးပန်း ပစ်လွှတ်ပွဲများကို ထိုမြို့တော်ရှိ တံတားများပေါ်မှ ကြည့်ရှုခြင်း မပြုရန် သတိပေးပြောကြားထားကြောင်း သိရသည်။

 

ကိုးကား ဆင်ဟွာ

ဘာသာပြန် မြင့်မြင့်ချို