လင်းခေးလျှပ်စစ်ဓာတ်အားခွဲရုံမှ ပို့လွှတ်ယူနစ်များ ခွဲခြားနိုင်ရေး Metering Outfit မီတာတပ်ဆင်ခြင်း ဆောင်ရွက်

မိုးနဲ   ၆ ဇန်နဝါရီ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေး ၆၆/၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ မိုင်းပန်မြို့၊ နမ့်တွန် ၃၃ ကေဗွီလိုင်း၊ ထိုမှတစ်ဆင့် ဝမ်ဟတ်တိုက်နယ်၊ မောက်မယ်မြို့နယ်များသို့ လျှပ်စစ်ဓာတ်အားများ ခွဲဝေ ပို့လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ယင်းသို့ ပို့လွှတ်ပေးလျက်ရှိသော ဓာတ်အားယူနစ်များ ခွဲခြားသိရှိနိုင်ရေးနှင့် ပျောက်ဆုံး ယူနစ်များ မဖြစ်ပေါ်စေရေးအတွက် လင်းခေးခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးရဲမင်းထက်နှင့် လင်းခေး၊ မိုင်းပန်မြို့တို့မှ လျှပ်စစ်ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် လင်းခေးဓာတ်အားခွဲရုံအနီး မိုင်ပန်မြို့ သို့ ပို့လွှတ်သော ၃၃ ကေဗွီဓာတ်အားလိုင်းတွင် Metering Outfit မီတာတပ်ဆင်ခြင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)