လင်မယားစကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်  တစ်ဦးသေ တစ်ဦးဒဏ်ရာရ

မတ္တရာ ၁၉ ဇူလိုင်

 

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် လွန်တောင်းကျေးရွာတွင် ဇူလိုင် ၁၈ ရက် ည ၇ နာရီခွဲ အချိန်က လင်မယားစကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ သွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သေဆုံးသူ၏ ဖခင်ဖြစ် ဦးစိုးသိန်း လွန်တောင်းကျေးရွာနေသူအား ၄င်း၏ သားဖြစ်သူ ဆန်းလင်းအောင်မှ ဓားထိုးခံရကြောင်း ခြံချင်းကပ်လျက်နေသူ ဒေါ်သောင်းတင်မှ  အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုခဲ့ပြီး မေးမြန်းရာ ဒေါ်သောင်းတင်နှင့် သားဖြစ်သူတို့ နေအိမ်တွင် တီဗီကြည့်နေစဉ် ဆန်းလင်းအောင် ရောက်ရှိလာပြီး ဆေးလိပ်တောင်းသောက်နေစဉ် တစ်ခြံဝန်းထဲနေ ၄င်း၏ သားဖြစ်သူ မောင်စိုး(ခ)ငစိုးနှင့် ဇနီးဖြစ်သူ မကြည်မာတို့ စကားများ ရန်ဖြစ်နေပြီး မကြည်မာ၏ အော်ဟစ်သံကို ကြားရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ သားမက်ဖြစ်သူမှာ မကြည်မာအား ဓားဖြင့်ထိုး၍ နေအိမ်ပေါ်မှ ပြေးဆင်းလာပြီး ဒေါ်သောင်းတင်၏ နေအိမ်တွင် ဆေးလိပ်သောက်နေသော ဆန်းလင်းအောင်(၂၆)နှစ်အား ဓားဖြင့် ထပ်မံထိုးခဲ့သဖြင့် ဆန်းလင်းအောင် မှာ ဒဏ်ရာများရရှိ နေရာတွင် သေဆုံးသွားခဲ့ပြီး မကြည်မာတွင်လည်း ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သွားခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်မှ ပြစ်မှုကျုးလွန်သူ မောင်စိုး(ခ)ငစိုးအား မတ္တရာမြို့မစခန်းမှ အမှုဖွင့်၍ ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)