လှည်းကူးမြို့နယ်အတွင်းမှ သစ်ခွဲသား ၉ ဒသမ ၂၂၄၇ တန် သိမ်းဆည်းရမိ

လှည်းကူး  ၂၁  ဒီဇင်ဘာ 

ရန်ကုန်မြောက်ပိုင်း ခရိုင်၊ လှည်းကူးမြို့နယ် အမြန်လမ်းမကြီး ပေါ်မှ တရားမဝင်သစ်ခွဲသားများ တင်ဆောင်လာသော ယာဉ်နှစ်စီးဖဖ်း မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ဒီဇင်ဘာ ၁၉ ရက် ည ၉ နာရီခွဲတွင်  လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဋ္ဌာနမှဦးစီးအရာရှိ ဦးတင်ထွဏ်း ဦးစီးသောအဖွဲ့သည် အမြန်လမ်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ သက်သေများနှင့်အတူ အမြန်လမ်းမိုင်တိုင် အမှတ်၂၀/၅နေရာတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ယာဉ်တစ်စီးကို မသင်္ကာ၍ စစ်ဆေးရာ ယာဉ်မောင်းထွက်ပြေးသွားပြီး မိုင်တိုင် အမှတ်၁၉/၇နေရာတွင် ယာဉ်အားရပ်တန့်ပြီး ယာဉ်မောင်းထွက်ပြေးသွားသဖြင့် ယာဉ်အတွင်း ရှာဖွေစစ်ဆေးရာ ပျဉ်းကတိုးခွဲသား(၃၈၇)ချောင်း၊ (၇ ဒသမ ၈၀၄၉)တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ဦးတင်ထွဏ်း ဦးစီးသောအဖွဲ့သည် တိုးဂိတ်တွင်ရပ်တန့် ထားသော ALPHARD ယာဉ်အား မသင်္ကာ၍ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးရာ အဆိုပါယာဉ်အတွင်းမှ ကျွန်းတုံး(၂၉)တုံး၊ ( ၁ ဒသမ ၄၁၉၈)တန်ရှာဖွေ စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်နှင့် သစ်ပိုင်ရှင်များအား စုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လူအောင်(ကသာ)