လှည်းကူးမြို့နယ်၌ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

လှည်းကူး ၇    သြဂုတ်


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ခရောင်ကျေးရွာရှိ "ကောင်းထက်" ကြက်သားဒံပေါက် စက်ရုံတွင် သြဂုတ် (၆) ရက် ညနေ၌ ရေပန့်မော်တာအား ပြုပြင်ကိုင်တွယ်ရာမှ ဓာတ်လိုက်သေဆုံးခဲ့သည်။


ဖြစ်စဉ်မှာ သြဂုတ်(၆)ရက် ညနေ(၃)နာရီခွဲက စောမင်း (၄၂) နှစ် သံန္ဓေပင်ကျေးရွာ မှော်ဘီမြို့နယ်နေသူသည် လှည်းကူးမြို့နယ် ခရောင်ကျေးရွာ "ကောင်းထက်" ကြက်သားပေါက်စက်ရုံရှိ ရေပန့်မော်တာအား အဖော်တစ်ဦးနှင့်အတူ လျှပ်စစ်မီးမိန်းခလုတ် မချဘဲ ပြုပြင်ကိုင်တွယ်ရာမှ ဓာတ်လိုက်ခြင်းဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံးခဲ့ခြင်းဖြစ်သည်။ 


သေဆုံးမှုနှင့် ပတ်သက်၍ လှည်းကူး မြို့မရဲစခန်းက အမှုဖွင့်လှစ်ထားကြောင်း သိရသည်။


နိုင်လင်း(လှည်းကူး)