လှည်းကူးမြို့နယ်၌ ရပ်ထားသောယာဉ်အားဝင်တိုက်မိ၍ တစ်ဦးသေဆုံး

ရန်ကုန်   ၃  စက်တင်ဘာ          

           

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ အောက်တိုဘာ ၃ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်- ပဲခူးလမ်းအတိုင်း (ထောက်ကြန့်ဘက်မှ လှည်းကူးဘက်သို့) ဇင်ကိုလတ် မောင်းနှင်ပြီး နောက်မှ သီဟဖြိုးဇော်နှင့် ထက်ဖြိုးဇော်တို့ လိုက်ပါစီးနင်းလာသော ဆိုင်ကယ်သည် လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ မိုင်တိုင်အမှတ်(၃/၁)၊ ရဲရဲတောက် ဖရဲသီးအရောင်းဆိုင်ရှေ့ အရောက်တွင် လမ်းဘေးတွင် ရပ်ထားသော ထရပ်အဖြူရောင်ယာဉ်အား နောက်မှ ဝင်တိုက်မိခဲ့သည်။

 

တိုက်မိမှုကြောင့်  ဆိုင်ကယ်မောင်းနှင်သူ ဇင်ကိုလတ်မှာ ဒဏ်ရာများရရှိပြီး ဆိုင်ကယ်နောက်တွင် ထိုင်စီးသူ သီဟဖြိုးဇော်မှာ ရရှိဒဏ်ရာများဖြင့်  အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ပြီး ထက်ဖြိုးဇော်တွင် ပွန်းဒဏ်ရာများရရှိကာ လှည်းကူးဆေးရုံသို့ ပြင်ပ လူနာ(မစိုးရိမ်ရ)အဖြစ် ပို့ဆောင်ခဲ့သည်။

           

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ဇင်ကိုလတ်အား လှည်းကူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)