နှာခေါင်းဖျန်းဆေးဟာ ဆေးစွဲခြင်းပြဿနာဖြစ်စေသလား
နှာရည်ကျလာတဲ့အခါ နှာစေးလာတဲ့အခါ ကျွန်တော်တို့ရဲ့ဝန်းကျင်မှာ ကသိကအောင့်ဖြစ်လာပြီး အနေရ ခက်လာစေပါတယ်။ လူအများဟာ နှာစေးခြင်းကို သက်သာအောင် နှာခေါင်းဖျန်းဆေး (nasal spray) ကို အသုံးပြုကြပါတယ်။ နှာခေါင်းဖျန်းဆေးဟာလည်း အမျိုးမျိုးရှိတတ်ပါတယ်။