L’Oreal ထုတ်ကုန်ပစ္စည်းတွေပေါ်မှာ ပါရှိတဲ့ အသားဖြူစေသော ဆိုတဲ့ စကားလုံးကို ဖယ်ရှားမယ်

၂၈ ဇွန်

 

ပြင်သစ်နိုင်ငံက မိတ်ကပ်ပစ္စည်းထုတ်လုပ်တဲ့ L’Oreal ထုတ်ကုန်တွေပေါ်မှာ ပါရှိတဲ့ “whitening" "အသားဖြူစေသော" ဆိုတဲ့ စကားလုံးကို ပယ်ဖျက်မယ်လို့ စနေနေ့က ကြေညာလိုက်ပါတယ်။

 

ကမ္ဘာ့မှာဖြစ်ပေါ်နေတဲ့ အသားအရောင်/လူမျိုးခွဲခြားမှုကို ဆန့်ကျင်နေသော ဆန္ဒပြပွဲတွေကြောင့် white/whitening၊ fair/fairness၊ light/lightening စတဲ့ စကားလုံးတွေကို L’Oreal ထုတ်ကုန်ပစ္စည်းများပေါ်ကနေ ဖယ်ရှားသွားရန် ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ကုမ္ပဏီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

Unilever ကုမ္ပဏီရဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရှိ ဌာနခွဲတွေကနေ Unilever မှ ထုတ်လုပ်သော "Fair & Lovely" အသားဖြူလိမ်းဆေးတွေပေါ်မှာ ပါရှိတဲ့ စကားလုံးကို အသားအရောင်ခွဲခြားရေး ဆန္ဒပြပွဲတွေကြောင့် ဖယ်ရှားမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ်က အိန္ဒိယနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးရောင်းချခဲ့ Unilever ကုမ္ပဏီက သူ့ကုမ္ပဏီထုတ်ပစ္စည်းတွေမှာ “Fair" ဆိုတဲ့ စကားလုံးကို ဖယ်ရှားသွားမယ်လို့ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

L’Oreal ကုမ္ပဏီလိုဘဲ Johnson & Johnson ကလည်း အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အမည်းရောင်အစက်တွေ လျှော့ချစေတယ်လို့ ကြော်ငြာထားတဲ့ Neutrogena နဲ့ Clean & Clear ပစ္စည်းတွေကိုလည်း ရောင်းချခြင်း ရပ်ဆိုင်းတာမျိုးအထိ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသား ဂျော့ဖလွိုင်ကို လူဖြူရဲသားတစ်ဦးက သတ်ဖြတ်ခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ ကမ္ဘာတစ်ဝန်းက Black Lives Matter ဆန္ဒပြပွဲတွေမှာ အသားရောင်အပေါ် ဝေဖန်မှုတွေရှိခဲ့ရာကနေ အခုလို မိတ်ကပ်စ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေပေါ်က အသားရောင်ခွဲခြားတဲ့ အသုံးအနှုန်းတွေကို ဖယ်ရှားလာတာဖြစ်ပါတယ်။ 

 

MDN

ကိုးကား - AFP