လျှပ်စစ်မိန်းဘုတ်ခံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ကသာ   ၈  သြဂုတ်   


စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် အင်းတိမ်ကျေးရွာတွင် ယမနေ့ ည ၁၁ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်မှု ဖြစ်ပွားရခြင်းမှာ  လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲရာမှ မီးစတင်လောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ ထီးချိုင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း ကသာခရိုင် မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။


အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် (၁)လုံး၊ စပါးကျီ (၁)လုံး၊ ထွန်စက် (၁)စီး ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။


မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ထီးချိုင့်မြို့၊ မြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။    


ဟန်မျိုးကျော်(ကသာ)