လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ မြန်မာနိုင်ငံသို့ ပဉ္စမအကြိမ်ရောက်ရှိ

ရန်ကုန်  ၇ ဇန်နဝါရီ 

 

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ  ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိအဖွဲ့ဝင်ဖြစ်သူ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနှင့် ကော်မရှင်အဖွဲ့ဝင် လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂဒုတိယ အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူးဟောင်း ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမားတို့သည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပဉ္စမအကြိမ် သီးခြားစီရောက်ရှိလာကြသည်။

 

111

 

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌအား နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ 

 

နိုင်ငံတော်အစိုးရသည် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက်  အမျိုးသားအစီအစဉ်တစ်ရပ်အနေဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

 

(သတင်းစဉ်)

 

222