လွှတ်တော်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံနှင့် နည်းပညာကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍများတွင် အထောက်အကူဖြစ်စေမည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ရေး ဆွေးနွေး

နေပြည်တော်  ၁၅  ဖေဖော်ဝါရီ  
 
 
 
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် Westminster Foundation for Democracy (WFD) ၏ အမှုဆောင်အရာရှိချုပ် Mr. Antony Smith အားယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
 
 
 
တွေ့ဆုံစဉ် Westminster Foundation For Democracy (WFD) အနေဖြင့် မြန်မာလွှတ်တော်များ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော် အထောက်အကူ ပြုဝန်ထမ်းများအား လွှတ်တော်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံနှင့် နည်းပညာကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍများတွင် အထောက်အကူဖြစ်စေမည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်သွား နိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 
 
 
(သတင်းစဉ်)