လူမှုကွန်ရက်မီဒီယာတွေကို အသုံးမပြုတဲ့ ဒန်နီရယ်ခရက်

နောက်ဆုံးဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရက်ဟာ သူ့ရဲ့ဘဝမှာ လူမှုကွန်ရက်မီဒီယာတွေကို အသုံးပြုခဲ့ခြင်းမရှိကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဒန်နီရယ်ခရက်ဟာ လူမှုကွန်ရက်မီဒီယာနဲ့ အမျိုးမျိုးသော အပလီကေးရှင်းတွေကို လုံးဝစိတ်မဝင်စားသူ တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဂျိန်းစ်ဘွန်းမင်းသားအဖြစ်မှ အနားယူပြီးနောက်ပိုင်း မှာလည်း အင်စတာဂရမ်၊ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ အစရှိတဲ့ လူမှုကွန်ရက်မီဒီယာတွေနဲ့ သူ့ရဲ့အချိန်တွေကို ကုန်ဆုံးစေမှာ မဟုတ်ကြောင်းလည်း သိရပါတယ်။

မဂ္ဂဇင်းတစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒန်နီရယ်ခရက်က သူ့ဘဝမှာ လူမှုကွန်ရက်မီဒီယာတွေကို ဘယ်တော့မှ အသုံးပြုမှာ မဟုတ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ဒန်နီရယ်ခရက်က သူ့ရဲ့ ကိုယ်ပိုင်ဘဝ ကို သီးခြားနေထိုင်ရတာကို ကြိုက်နှစ်သက်ပြီး အများရဲ့ မျက်စိအောက်မှာ နေထိုင်ရတဲ့ဘဝကို မနှစ်သက်ကြောင်းလည်း အဆိုပါအင်တာဗျူးမှာ ထည့်သွင်းဖြေကြားခဲ့ပါတယ်။

အေးပြည့်