လူမှုဖူလုံရေးအစီအစဉ်ဖြင့် စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

သင်္ဃန်းကျွန်း စက်တင်ဘာ ၁၃

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများအား လူမှုဖူလုံရေးအစီအစဉ်ဖြင့် ယနေ့ နံနက် ၁၁ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ ရောဂါကူးစက်ခံရမှု မဖြစ်ပေါ်စေ ရန်နှင့် ကူးစက်ပြန့်ပွားမှုမဖြစ်စေရေးအတွက် လူမှုဖူလုံရေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနေခြင်းဖြစ်ပြီး ဆေးထိုးရန်လာရောက်သူများအတွက် မြို့နယ် ကိုဗစ်-၁၉ ကော်မတီဝင်များနှင့် ပရဟိတအသင်းများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)