လူမှုတာဝန်သိ လုပ်ငန်းဆိုင်ရာ အသိပညာမျှဝေသည့်  အစီအစဉ်ကျင်းပ

မင်းဘူး  ၂၀  နိုဝင်ဘာ
 
မန်းရေနံမြေတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MPRL E&P ၏ CSR & Communications ဌာနမှ ဝန်ထမ်းများက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကုန်းတွင်းရေနံမြေများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း ဝန်ထမ်းများအတွက် လူမှုတာဝန်သိ လုပ်ငန်းဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်တစ်ရပ်ကို ယနေ့တွင် MOGE မန်းရေနံမြေရုံး၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်၊၊ 
 

3441


ယနေ့သင်တန်းတွင် Performance Compensation Contract (PCC) စာချုပ် ချုပ်ဆို လုပ်ကိုင်ခြင်း၏ သဘောသဘာဝများ၊ CSR အကြောင်း သိကောင်းစရာများကို ခြုံငုံသုံးသပ်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဗျူဟာမြောက် ဆောင်ရွက်ခြင်း၊ အကြံပြုဆွေးနွေးခြင်း လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆက်စပ် လုပ်ကိုင်သူများနှင့် အပြုသဘော ဆက်ဆံရေး တည်ဆောက်ခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းကို နှစ်ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကာ မန်းရေနံမြေတွင် ဆောင်ရွက်လျက်ရှိသည့် CSR လုပ်ငန်းများကိုလည်း သွားရောက်လေ့လာ ကြည့်ရှုမည်ဖြစ်သည်။ 
 
သင်တန်းတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကုန်းတွင်းရေနံမြေများဖြစ်သည့် ချောက်၊ ရေနံချောင်း၊ မန်း၊ ထောက်ရှာပင်၊ တီတွတ်ပိုက်လိုင်း၊ ပြည်၊ (ကျောက်ခွက်၊ လက်ပံတို၊ အရာတော်)၊ ထန်းကိုင်း၊ သာကြီးတောင်၊ သာကေတ၊ CNG ၊ ညောင်တုန်း၊ နေပြည်တော်၊ ဂွေးချို၊ ရွှေပြည်သာ၊ မြန်အောင်၊ အဖျောက်တို့မှ မန်နေဂျာနှင့် လက်ထောက်မန်နေဂျာ စုစုပေါင်း (၃၆)ဦးနှင့် မန်းရေနံမြေမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
အဆိုပါအစီအစဉ်သည် MPRL E&P ၏ CSR & Communications ဌာနမှ အရာထမ်းများအတွက် ပံ့ပိုးသည့် CSR လုပ်ငန်းဆိုင်ရာ အသိပညာမျှဝေမှု အစီအစဉ်၏ ဒုတိယမြောက် အစီအစဉ်တစ်ခုဖြစ်ပြီး ပထမအကြိမ်တွင် MOGE ၏ ကုန်းတွင်းရေနံမြေများကို စီမံခန့်ခွဲလျက်ရှိသည့် အထွေထွေမန်နေဂျာများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပံ့ပိုးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်