လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

"လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်"  ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ထူးချွန်ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စကားဝိုင်းတွင် မြို့နယ် ပြန်ဆက်ဦးစီးမှူး ဒေါ်နန်းအေးခိုင်မှ စကားဝိုင်း ကျင်းပခြင်း၏ ရည်ရွယ်ချက် ရှင်းလင်း ပြောကြားခဲ့ပြီး အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလတ်၊  ထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ အကြံပေးအရာရှိ ပါမောက္ခ ဦးဖေသောင်းနှင့် Monitar အဖြစ် ဦးအောင်ကိုဝင်းတို့က ကမ္ဘာ့လူသားထု တစ်ရပ်လုံးကို ခြိမ်းခြောက် အန္တရာယ်ပေးနေသော မူးယစ်ဆေးဝါးတို့၏ ကြောက်မက်ဖွယ်ရာများ၊ မူးယစ်ဆေးဝါး၏ ပြစ်ဒဏ်များနှင့် ဥပဒေရေးရာ သိမှတ်ဖွယ်ရာများကို ပညာပေးဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲတွင် ကျောင်းသား ကျောင်းသူများက ဆွေးနွေးချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးကြရာ   ဦးဆောင် ဆွေးနွေးကြသူများက  ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

 

အဆိုပါ စကားဝိုင်းကို ကျောက်တန်းမြို့နယ်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထူးချွန်ကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၁၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကျော်ဆန်းမြင့် (ပြန်/ဆက်)