လူငယ်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာအမြင့်မားဆုံးသောခံယူချက်နဲ့ စာပေဗဟုသု တလေ့လာ ပြီးတော့ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်မွေးဖို့လိုပါတယ်

ရန်ကုန် ၁၇ မတ်

 

မြန်မာနိုင်ငံ၌ ရှေးနှစ်ပေါင်းများစွာကတည်းက ရဟန်း၊ လူပုဂ္ဂိုလ် စာပေအကျော်အမော်များ ရေးသားပြုစုခဲ့ကြ သော စာကောင်းပေမွန်များ၊  မြန်မာစာပေအနုပညာများ မပျောက်မပျက်လက်ဆင့်ကမ်း နိုင်ရေးနှင့် စာပေလိုက် စားသူ၊ စာပေမြတ်နိုးသူ တိုးပွားရေးအတွက် ၂၀ဝ၆ ခုနှစ်မှ စတင်ကာ တစိုက်မတ်မတ် ချီးမြှင့်ပေးခဲ့သော ထွန်းဖောင်ဒေးရှင်း စာပေဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကင်း မြို့နယ် အမှတ် (၂)စည်ပင်လမ်းသစ်ရှိ ဘဏ်များအသင်းအဆောက်အအုံ၌ ထွန်းဖောင်ဒေးရှင်း စာပေဆု ၂၀၁၇ အတွက် ကျင်းပသည်။ 

 

ယနေ့  ၁၂ ကြိမ်မြောက်အထိ အောင်မြင်စွာချီးမြှင့်ပေးနိုင်ခဲ့သော ထွန်းဖောင်ဒေးရှင်း ၂၀၁၇ စာပေ ဆုချီးမြှင့်ပွဲတွင် ကဏ္ဍအသီးသီးမှ ဆုရရှိသော စာရေးဆရာကြီး/ဆရာ မကြီးများအား တွေ့ဆုံမေးမြန်းခဲ့မှုများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

 

ထွန်းဖောင်ဒေးရှင်းစာပေဆု ရေးချယ်ရေးကော်မတီ နာယက ဦးသိန်းထွန်း က 

 

“ဒီနေ့ထွန်းဖောင်ဒေးရှင်းအနေနဲ့ စာပေဆုချီးမြှင့်တာ ၁၂ ကြိမ်မြောက်ပါ။ ပြည်သူတွေ စာပေနဲ့ ဖွံ့ဖြိုးပြီးနားလည်ပြီးတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ စတင်လုပ်ဆောင်ခဲ့တာပါ။  မြန်မာစာပေဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့အခါမှာ မြန်မာစာပေတင်မကဘူး ဆက်နွယ်နေတဲ့ ဘာသာရပ် အလိုက်တွေတိုးတက်ဖို့ ကော်မတီဖွဲ့ပြီးတော့ လုပ်ခဲ့တယ်။ နောက်နှစ်တွေမှာ ဆုကြေးကအစ တိုးပြီးတော့ ပေးဖို့စီစဉ်နေပါတယ်။ 

 

စာပေကောင်းတွေ ပေါ်ထွန်းလာဖို့ ဆက်လက်ပြီးတော့ ဆုတွေ ချီးမြှင့်ပေးသွားမှာဖြစ်သလို ဒီထက်လည်း ထိုက်ထိုက်တန်တန် တိုးမြှင့်ချီးမြှင့်ပေးသွားဖို့ရှိပါတယ်။ စာပေဖွံ့ဖြိုးတိုးတက်မှုက ယနေ့ခေတ်မှာ အထူးလိုအပ်လာပါတယ်။ဒါကြောင့် ပြည်သူကိုတွန်းအားပေးဖို့လည်းလိုပါတယ်။ လေ့ကျင့်ပျိုးထောင်ပေး ရပါမယ်။ စိတ်ပိုင်းဆိုင်ရာ အမြင့်မားဆုံးခံယူချက်ရှိဖို့ လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာက ပြင်ဖို့ခက်ပါတယ်။ ရုပ်ပိုင်းက ပြင်ဖို့လွယ်ပါတယ်။ လူငယ်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာအမြင့်မားဆုံးသောခံယူချက်နဲ့ စာပေဗဟုသု တလေ့လာ ပြီးတော့ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်မွေးဖို့လိုပါတယ်” ဟု ပြောသည်။

 

MDN