လူရွှင်တော်ကြီးများနှင့် အငြိမ့်မင်းသမီးကြီးများအား စတုတ္ထအကြိမ် သက်ကြီးပူဇော်ပွဲ မန္တလေးတွင် ကျင်းပမည်

မန္တလေး ၂၄   သြဂုတ်

ဒို့ညီကို၊ ချိုတူးအငြိမ့်၊ ကိုချိုတူး+မသီသီဦး မိသားစုမှ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် စတုတ္ထအကြိမ်မြောက် ကသောလက်ဖြင့် လှူဒါန်းခြင်း ကိုချိုတူး+မသီသီဦး တည်ထောင်သော ဒို့ညီကို ချိုတူးအငြိမ့်နှင့် အငြိမ့်ချစ်သူ ပရိသတ်များ လှူဒါန်းငွေဖြင့် အငြိမ့်လူရွှင်တော်ကြီးများနှင့် အငြိမ့်မင်းသမင်းကြီးများအား သက်ကြီးပူဇော်ပွဲကို သြဂုတ်လ ၃၀ ရက် နံနက်(၈)နာရီမှ မွန်းတည့် ၁၂ နာရီအထိ မန္တလေးမြို့၊ လမ်း ၈၀၊ ၄၀ x ၄၁ လမ်းကြားရှိ အေးငြိမ်းအောင်မြင်သိဒ္ဓိရှင် ဓမ္မာရုံ၌ ကျင်းပမည် ဖြစ်သည်။

အဆိုပါ ကသောလက်ဖြင့် လှူဒါန်းခြင်း အစီစဉ်တွင် ကန်တော့ခံ အနုပညာရှင်ကြီးများ ဖြစ်သည့် အငြိမ့်လူရွှင်တော်ကြီးများနှင့် အငြိမ့်မင်းသမင်းကြီးများ စုစုပေါင်း(၉၂)ဦး ပါဝင်မည်ဟု သိရှိရသည်။ အငြိမ့်လူရွှင်တော်ကြီး (၄၇)ဦးနှင့် အငြိမ့်မင်းသမီးကြီးများ (၄၅)ဦးကို ပူဇော်ကန်တော့မည်ဟု သိရှိရသည်။

အဆိုပါပူဇော်ပွဲ အကြိုည သြဂုတ်လ(၂၉)ရက်တွင် ဘဒ္ဒန္တပညာဝံသ(ပုလဲဆရာတော်) ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားချီးမြှင့်မည်ဖြစ်သည်။ ပူဇော်ကန်တော့ပွဲ ပြီးမြောက်သည့် ညတွင် အောင်ပွဲညတရားပွဲအဖြစ် အရှင်ပညာနန္ဒ (သီတဂူ ကြယ်တစ်ပွင့်) ဆရာတော်က နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ ဟောကြားချီးမြှင့်မည်ဟု သိရှိရသည်။

ခင်ခင်ဝင်း(ပညာရေး)