လူထုအခြေပြုဗဟိုဌာနတွင် စားပွဲတင် တင်းနစ် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်

ခင်ဦး  ၉ သြဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို လူထုအခြေပြု ဗဟိုဌာန(Community Center) တွင် သြဂုတ်လ ၈ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ကြည်ဆန်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက် များကိုရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းပြ(နည်းစနစ်) ဒေါ်သင်းသင်းခိုင်က ပြိုင်ပွဲ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။


ထို့နောက်ပြိုင်ပွဲကို ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် အုပ်စု (၄) အုပ်စုခွဲပြီး ပြိုင်ပွဲဝင် (၁၀) ဦးတို့က ယှဉ်ပြိုင်ကစားကြသည်။ ဆက်လက်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။


စိုးဝေအောင်(ခင်ဦး)