လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် လုပ်ငန်း ၁၁၁ ခု ဆောင်ရွက်

ဆော ၂၉   ဇူလိုင် 
 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာနက ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် ၂၀၁၉ ခုနှစ်၌ လုပ်ငန်း ၁၁၁ ခုကို စီမံကိန်းပံ့ပိုးငွေကျပ် ၁၆၇၉ သန်းနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည်။ 

 

ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာ ၁၁၇ ရွာ၌ လမ်းလုပ်ငန်း ၂၆ ခု၊ တံတားလုပ်ငန်း ၄ ခု၊ မီးလင်းရေး လုပ်ငန်း ၃၃ ခု၊ ရေပေးဝေရေးလုပ်ငန်း ၇ ခု၊ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ၁၇ ခု၊ စာသင် ကျောင်းဆောင်ခြံစည်းရိုးလုပ်ငန်း ၁ ခု၊ မြေထိန်းနံရံ ဆောက်လုပ်ခြင်း ၅ ခု၊ ဘက်စုံသုံး ခန်းမတည်ဆောက်ခြင်း ၁၇ ခု တို့ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN