လူတွေသိပ်မသိသေးတဲ့ TITANIC မင်းသားရဲ့အကြောင်း

 ၁၂ ဒီဇင်ဘာ

ဗြိတိသျှ သရုပ်ဆောင် ကိတ်ဝင်းစလတ်နဲ့ အတူတွဲဖက် သရုပ်ဆောင်ခဲ့တဲ့ Titanic  ရုပ်ရှင်ထဲကလူငယ်လေး Jack ဟာ The revenant ဇာတ်ကားနဲ့ အော်စကာဆုရခဲ့ပါတယ်။ အဲ့ဒီ Jack ဆိုတဲ့ လူငယ်လေးကိုတော့ ပရိသတ်ကြီး မှတ်မိနေဦးမှာပါ။ သူကတော့ ဟောလိဝုဒ် စတား Leonardo DiCaprio ပဲဖြစ်ပါတယ်။ အခု လူတွေ သိပ်မသိသေးတဲ့ သူ့အကြာင်းတချို့ကို မိတ်ဆက်ပေးပါမယ်။

Leonardo DiCaprio ရဲ့အမည်ဟာ ကမ္ဘာကျော် အီတာလျှံ ပန်းချီဆရာကြီး Leonardo DaVinci ရဲ့နာမည်ကိုယူပြီး မှည့်ထားတာပဲဖြစ်ပြီး သူ့ကိုကိုယ်ဝန်ဆောင်ထားချိန်မှာ သူရဲ့အမေဟာ အီတလီမှာရှိတဲ့ ပန်းချီပြခန်း တစ်ခုက ဒါဗင်ချီရဲ့ ပုံတူပန်းချီကားကိုကြည့်နေတုန်းမှာ ဗိုက်ထဲကကလေးရဲ့ခြေနဲ့ကန်တာကို ခံစားမိခဲ့တယ်လို့ ဆိုပါတယ်။ တစ်ခါတုန်းက အင်တာဗျူးတစ်ခုမှာ လီယိုဟာ သူဟာ ရူရှန်းမျိုးနွယ်သွေး ပါဝင်သူဖြစ်တယ်လို့ ဆိုထားပါတယ်။

ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာကတော့ ဟောလိဝုဒ်စတား လီယိုဟာ ရှရှားကို ရွှေ့ပြောင်းအခြေချနေထိုင်မှာလား ဆိုတာပါပဲ။

ဟောလိဝုဒ်ကိုတော့ လီယို တစ်ယောက် စွန့်ခွာလိမ့်မယ်လို့ မထင်ပါဘူး။ ထူးခြားတဲ့အချက်ကတော့ ဘာမှန်းမသိသေးပါဘူး။ ပရိသတ်ကြီးကရော ဘယ်လိုထင်ပါသလဲ။ ထူးခြားတာတွေ့ရင် လီယိုကို လက်တို့လိုက်ပါဦးနော်။

အေးစုမော် (MDN)