လွယ်ဂျယ်မြို့ ပြည်သူ့ဆေးရုံအတွက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆေးရုံသုံးပစ္စည်းများ လှူဒါန်း

လွယ်ဂျယ်  ၁၁  ဧပြီ    

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့တွင် လွယ်ဂျယ်မြို့ပြည်သူ့ဆေးရုံအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆေးရုံသုံး ပစ္စည်းများကို Myanmar Mai Family Group မှ ယနေ့နံနက် (၁၀) နာရီက လွယ်ဂျယ်မြို့ပြည်သူ့ဆေးရုံရှေ့၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

 

ယင်းသို့ လှူဒါန်းရာ၌ PPE ဝတ်စုံ စုံရေ ၂၀၀ ၊ အသက်ရှူစက်(၂)လုံး၊ PPE ဝတ်စုံနှင့် တွဲသုံးသည့် မျက်မှန်(၂၀၀)လက်၊ ပိုးသတ်ဆေးထုပ် (၄၄၀၀)တို့ကို Myanmar Mai Family Group မှ ကိုကျားဖု က ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရပါသည်။

 

" ယခုလို လှူဒါန်းရခြင်းကြောင့် ဝမ်းမြောက်ပီတိဖြစ်ရကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်အတွက် ရည်ရွယ်လှူဒါန်းခြင်းမဟုတ်ဘဲ ကိုယ့်မြို့ ကိုယ့်ဒေသမှာ လိုအပ်လျှင် အားလုံး အသုံးပြုနိုင်ရန် ရည်ရွယ်ပါကြောင်း။ နောက်လိုအပ်ပါက ထပ်ပြီး ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း"  ကိုကျားဖု က ပြောကြားခဲ့သည်။

 

ထွန်းထွန်းနိုင်( ပြန်/ဆက်)