လယ်ဝေးမြို့နယ်၌ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ နေအိမ် ၁ လုံး မီးလောင်မှုဖြစ်ပွား

နေပြည်တော်  ၂၈  ဇူလိုင်

           

နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ဇူလိုင် ၂၇ ရက်က လျှပ်စစ်ဝါယာ ရှော့ဖြစ်ရာမှ နေအိမ် ၁ လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

           

ဖြစ်စဉ်မှာ တောင်စဉ်အေးကျေးရွာနေ ဇော်ထွန်း၏ နေအိမ်တွင်  ဇူလိုင် ၂၇ ရက် ညနေ ၆ နာရီ မိနစ် ၄၀  ခန့်က လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ည ၆ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

(ရဲပြန်ကြား)