လယ်ယာထုတ်ကုန်ဧက ၅၀ဝကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပခုက္ကူ  ၂၄   သြဂုတ်  


မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ကွန်းကျေးရွာအုပ်စု၊ ရွှေတန့်တစ်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်၊ ပခုက္ကူခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ ပခုက္ကူမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်မာနှင့် ဝန်ထမ်းများက ရွှေတန့်တစ်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပေးနိုင်ရေး လက်ရှိမြေပြင်အခြေအနေ၊ သတ်မှတ်လမ်းအကျယ်ရရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။


ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်စ၍ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခု ရွှေတန့်တစ်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်မည်ဆိုပါက ကွန်းကျေးရွာအုပ်စုအတွင်းရှိ ရွှေတန့်တစ်ကျေးရွာ အပါအဝင် ကျေးရွာ(၁၀) မှ လယ်ယာထုတ်ကုန် ဧက(၅၀ဝ)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်မာက ပြောသည်။


ပခုက္ကူမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် မီနီဘက်ဂျက်က သဇင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်းကို လမ်းအရှည်(၁)မိုင်၊ အကျယ်(၁၂)ပေ၊ အမြင့် (၆)လက်မထု ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခွင့်ပြုရန်ပုံငွေ(၂၅ ဒသမ ၂၃)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။


စိုးမိုးကျော်