MA APPLIED LINGUISTICS(TEFL) သင်ကြားရေးဆိုင်ရာ မဟာဘွဲ့ သင်တန်းအတွက် STI မှ ပညာသင်ဆုများ ချီးမြှင့်ပေးအပ်မည်

မန္တလေး ၃ စက်တင်ဘာ

 

STI Myanmar University သည် Queen's Award ချီးမြှင့်ခြင်းခံရသော University of Bedfordshire(UK)မှ တိုက်ရိုက်ချီးမြှင့်သည့် နိုင်ငံတကာအသိအမှတ်ပြု ဂုဏ်ထူးတန်းဘွဲ့ နှင့် မဟာဘွဲ့များ ကိုမြန်မာနိုင်ငံ၌ပင် ရယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားသော ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်း ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန်နှင့် နိုင်ငံတကာအဆင့်အတန်းမီပညာရှင်များ မွေးထုတ်ပေးနိုင်စေရန် ရည်ရွယ်၍ ထူးချွန်သော ကျောင်းသားလူငယ်များအတွက် ပညာသင်ဆုများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် စီစဉ်ပေးအပ် ချီးမြှင့်လျှက်ရှိကြောင်း သိရသည်။

 

ထိုသို့ ပညာသင်ဆုများပေးအပ်လျက်ရှိရာမှ ယခုအခါ ပညာရေးနယ်ပယ်တွင် အောင်မြင်သောဘဝ တည်ဆောက်လိုသော ရည်မှန်းချက်ကြီးမားသည့် မန္တလေးမြို့မှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအတွက် University of Bedfordshire(UK)မှ တိုက်ရိုက်ချီးမြှင့်မည့် MA Applied Linguistics(TEFL) သင်ကြားရေးဆိုင်ရာမဟာဘွဲ့ သင်တန်းကို တက်ရောက်နိုင်ရန် ပညာသင်ဆုများ လျှောက်ထားနိုင်မည်ဖြစ်သည်။ 

 

အဆိုပါသင်တန်းသည် အင်္ဂလိပ်စာသင်ကြားခြင်းကို ဝါသနာပါသူများ၊ သင်ကြားရေးနယ်ပယ်တွင် အောင်မြင်ကျော်ကြားလိုသူများ၊  အရည်အချင်းပြည့်ပြီး နိုင်ငံတကာအသိအမှတ်ပြု ဆရာအဖြစ်ရပ်တည်လိုသူများ အပြင် ကိုယ်ပိုင်ကျောင်းဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်း ပြုလုပ်လိုသူများ၊ တာဝန်ခံကျောင်းအုပ်ကြီး (Principal)အဖြစ် တာဝန်ယူဆောင်ရွက်လိုသူများ အတွက် ဘဝအာမခံချက်ရရှိနိုင်သော သင်တန်းဖြစ်သည်။ 

 

"အခုသင်တန်းမှာက Native Expert teacherတွေ Local Professor တွေက Assignment, Project, Course Work တွေ အသုံးပြုပြီးသင်ကြားပို့ချသွားမှာပါ။ ပညာသင်ဆုလျှောက်ချင်တဲ့သူတွေအနေနဲ့ ၂၀၁၈ခုနှစ် စက်တင်ဘာလမှာ "Corporate Sholarship Grant" အစီအစဉ်အနေနဲ့ USD3000(ပညာသင်စရိတ် ၃၀%)ခန့် သက်သာစေဖို့ STI Myanmar University ကနေ ပညာသင်ဆုအဖြစ် ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားသူတွေအနေနဲ့ သက်ဆိုင်ရာ ဌာနအကြီးအကဲ ဒါမှမဟုတ် သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ Senior Professor ဆီက ထောက်ခံစာ (Recommendation Letter) အပါအဝင် အခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ STI Myanmar University (Mandalay) မှာ လျှောက်ထားရမှာဖြစ်ပါတယ်"ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

 

စိတ်ပါဝင်စားသူများအနေဖြင့် STI Myanmar University (Mandalay)၊ အမှတ် ဘီ၁၅/၁၆၊ ၆၆လမ်းနှင့်သဇင်လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ ဖုန်း-09 783 800 062~4 များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ 

 

(တင်မောင် - မန်းကိုယ်ပွား)