မာဒါဂါးစကား နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးလုံး စတင်မိတ်ဆက်

၃ အောက်တိုဘာ

 

မာဒါဂါးစကားနိုင်ငံမှာ သဘာဝသစ်မြစ်သစ်ဉတွေနဲ့ဖော်စပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးလုံးကို သောကြာနေ့မှာ သမ္မတက မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

 

ငှက်ဖျားရောဂါပိုးကာကွယ်နိုင်တဲ့ သစ်ပင် artemisia နဲ့အတူ တခြားသစ်မြစ်သစ်ဉတွေ ပါဝင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ဆေးကို  Covid-Organics လို့ အမည်ပေးထားပါတယ်။

 

သမ္မတ ရာဂျိုလီနာက ဆေးထိုးဖို့ အခက်အခဲရှိသူတွေအတွက် CVO+ ဆေးလုံးကို သုံးစွဲနိုင်ကြောင်း နဲ့ ကမ္ဘာတစ်ဝန်းကို ရောင်းချသွားမှာဖြစ်ပြီးကြောင်း မြို့တော် အန်တန်နာနာရီဗို ရှိ Pharmagalasy ဆေးဝါးထုတ်လုပ်ရေး ရှေ့မှာ သမ္မတက ပြောကြားသွားပါတယ်။

 

ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့  ဆေးဟာ သိပ္ပံနည်းကျ စမ်းသပ်မှု မရှိသေးကြောင်းနဲ့ ဖြန်းဖြူမှုနဲ့ သုံးစွဲမှုတွေအပေါ် သတိပေးမှုတွေ ရှိနေပါတယ်။

 

လူဦးရေ ၂၆ သန်းနေထိုင်တဲ့ မာဒါဂါးစကားနိုင်ငံမှာ နိုင်ငံရဲ့ လူဦးရေ လေးပုံတစ်ပုံဟာ Covid-Organics ဆေးကို သောက်ပြီးပြီဖြစ်ကြောင်း၊ သောက်ဆေး အလုံးပေါင်း ၉ သန်းဟာလည်း အဆင်သင့်ရှိနေကြောင်း အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အိန္ဒိယသမုဒ္ဒရာတွင်းရှိ ကျွန်းနိုင်ငံမှ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၆,၄၀၀ ဦး ရှိပြီး သေဆုံးသူ အနည်းဆုံး ၂၃၂ ဦးရှိကြောင်း သိရပေမယ့် အခုသီတင်းပတ်တွေအတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုအရေအတွက် လျော့ကျသွားကြောင်း သိရပါတယ်။

 

Pharmagalasy ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက တစ်နေ့လျှင် CVO+ ဆေးလုံးပေါင်း ၃၂,၀၀၀ ထုတ်လုပ်နိုင်ပြီး ဆေးလုံးပေါင်း ၂၇၅ သန်းလည်း သူတို့ဆီမှာ ရှိနေကြောင်း ပြောပါတယ်။

 

မာဒါဂါးစကားသမ္မတက ကမ္ဘာကို ဘယ်အချိန်မှာ ဆေးကို စတင်ဖြန့်ချိမယ်ဆိုတာကိုတော့ ပြောကြားသွားခြင်းမရှိတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား- AFP