မာလာရှမ်းကောကြိုက်တဲ့သူတွေအတွက် လှည်းတန်းစင်တာမှာ ဆိုင်သစ်တစ်ဆိုင်ထပ်တိုးပြီဗျို့

၁၅ ဒီဇင်ဘာ


လှည်းတန်းစင်တာဒုတိယထပ် အရင် Food City ဖွင့်တဲ့နေရာလေးမှာ နောက်ထပ် Food Court လေးတစ်ခု အသစ်ထပ်ဖွင့်တယ်ဗျ.အက်မင်လည်းသိသိချင်းအဲ့ကိုသွားပြီးဘာစားရမလဲပေါ့။ လောဆယ်တော့ဆိုင်က (၅)ဆိုင်လောက်ပဲရှိအုံးမယ်။ အဲ့ဒီမှာမှ Pepper Love Chilli ဆိုတဲ့ မာလရှမ်းကောဆိုင်လေးမှာ ဝင်စားဖြစ်ခဲ့လို့ အဲ့ဒီဆိုင်လေးအကြောင်း ပြန်ပြောပေးအုံးမယ်ဗျ..

mdn

Pepper Love Chilli ကမာလရှမ်းကောပဲရတယ်။ မာလရှမ်းကောကိုမှ ရောင်းတဲ့ပုံစံလေးက တစ်မျိုးလေးဗျ ဟင်းပွဲတစ်ပွဲမှာ ထည့်ချင်တဲ့အသီးရွက်၊ အသား၊ ငါး၊ မှိုဘာညာကို အချိန်နဲ့ယူရတာမျိုး မဟုတ်ဘူး။ အချောင်းလေးတွေအနေနဲ့ လုပ်ပေးထားတယ်။ အသားဆိုလည်း အသားပြားလေးတွေကို တုတ်နဲ့ ထိုးပေးထားတယ်။ ကြက်၊ ဝက်၊ အမဲ အာ့လိုတစ်ချောင်းကို(၆၀ဝ)၊ (၈၀ဝ)လောက်ပဲ။ အခြား အသားလုံးတွေ ဘာတွေဆိုရင်လည်း တစ်ချောင်းမှာ နှစ်လုံးပါတယ်။ အဲ့ဒါကို (၁၀ဝဝ)။ ကျန်တဲ့အသီးရွက်တွေဆို တစ်ချောင်း (၃၀ဝ) အဲ့လောက်ပဲ အများဆုံးကမှ (၁၅၀ဝ)။ အဲ့ဒါကလည်း ပုစွန်တစ်ခုပဲ။ ကျန်တာကတော့ (၃၀ဝ)၊ (၆၀ဝ)၊ (၈၀ဝ)၊ (၁၀ဝဝ)ပေါ့။ တကယ့်တကယ် ယူကြည့်လိုက်ရင် နှစ်ယောက်လောက်စားမှ (၁၀ဝဝဝ)လောက်ပဲ ကျတော့တန်တယ်လို့ ပြောလို့ရပါတယ်။

အသီးရွက်၊ အသားငါးတွေကို ခင်းကျင်းထားတဲ့ ပုံစံက ခပ်ရှင်းရှင်း သန့်သန့်လေးရယ်။ အဲ့ဒါလေးတွေမြင်ရင် ရေခဲချောင်းအလား မှတ်ရတယ်။ အသီးရွက်လေးတွေကို တုတ်နဲ့ထိုး၊ အသားလုံးလေးတွေကို တုတ်နဲ့ထိုးထားတာ။ တုတ်မှာလည်း သူတို့လို ဂိုလေးတောင်ပါသေး။ နည်းနည်းတော့ မိုက်တယ်ပေါ့။ ရွေးနေတဲ့ချိန်တော့ အားရပါးရပဲ ခြင်းတောင်းလေးထဲထည့်ပြီးရွေးလိုက်တာပဲ. ရွေးပြီးသူတို့ကိုပေး၊ ချိန်ခိုင်းလိုက်တယ်။ ပြီးတော့ပိုက်ဆံရှင်းပြီး ကိုယ်ကြိုက်တဲ့နေရာမှာ အေးဆေးထိုင်စောင့်ပေါ့။ Food Court ဆိုတော့ သိတဲ့အတိုင်း လွတ်လွတ်လပ်လပ်ပဲ။ ကြိုက်တဲ့နေရာထိုင် အေးဆေးပဲ။ သူတို့ချက်တာလည်း သိပ်တော့မကြာပါဘူး။ တစ်မျိုးပြီးတစ်မျိုးတော့ ထွက်ထွက်လာတာပဲ ကိုယ်တွေလည်း စမ်းကြည့်ချင်စိတ်နဲ့ လေးမျိုးရတာ။ လေးမျိုးလုံး စမ်းခဲ့လိုက်တယ်။

 

mdn

အဲ့လေးမျိုးက မာလရှမ်းကောကိုမှ အရည်နဲ့ရတယ်။ အခြောက်ပုံစံမျိုးရတယ်။ ပြီးတော့ အသုပ်ရတယ်။ အသုပ်အရသာကိုမှ အရည်နဲ့ စသဖြင့်ပေါ့။ မာလရှမ်းကော အသုပ်ပုံစံလေးမှာ သူ့ရဲ့အရသာက ခပ်ပေါ့ပေါ့လေးပဲ။ အစပ်ကိုပုံမှန်ပဲယူထားတယ်။ ဒါမဲ့သူကစားစားနေတုန်း လုံးလုံးကို မစပ်တာပါ။ ဒါမဲ့လေ စားနေရင်းမှ ကုန်ခါနီးတော့မှ ပူပြီး စပ်လာတာ။ အထုံလည်း သိပ်မထည့်ခိုင်းထားတော့ စားရတာပိုအဆင်ပြေတယ်။ အချုပ်ပြောရရင် သူ့အရသာကတော့ ပေါ့ပေါ့ပါးပါးပါပဲ။

အဲ့ဒါကို အရည်ပုံစံနဲ့ဆိုရင်တော့ သူ့အရည်က ဝက်သားရည်နဲ့အခြေခံပြီးလုပ်ထားတဲ့အတွက် သူ့ရဲ့အရသာမှာတော့ အဲ့ဒီအသားပြုတ် အရသာလေးပါတယ်ဗျ။ သိပ်လည်းမစပ်ပါဘူး။ ပုံမှန်ပဲ။ ဒါမယ့် အစပ်ကိုတော့ လိုသလိုလုပ်ခိုင်းလို့ရပါတယ်။

နောက် အသုပ်။ သူ့ရဲ့အသုပ်ကတော့ အက်မင်အခြားနေရာမှာ မစားဘူးတဲ့အရသာမျိုး ရတယ်ဗျ။ အဓိကက မြေပဲကို အခြေခံပြီးဆော့စ်လုပ်ထားတယ်။ စုစုပေါင်းဆော့စ်လေးမျိုး လောက်ပေါင်းပြီး လုပ်ထားတာ။ ပိုထွက်တာတော့ မြေပဲအရသာလေးပေါ့။ ခပ်စီးစီးလေးနဲ့ စားနေကျပုံစံမျိုးနဲ့မဟုတ်လို့ အသစ်အဆန်းစားချင် တဲ့သူမျိုးဆို စမ်းစားကြည့်ပါ။ အချိုလည်းရတယ်။ အစပ်လည်းရတယ်။ နောက် အသုပ်ကိုမှ အရည်နဲ့ သူကကျတော့ ကြက်သားပြုတ်ရည်ကို အခြေခံပြီးလုပ်ထားတာ။ အဲ့ဒါကိုအချိုအရသာဆိုရင် ကြက်စွပ်ပြုတ်လို မျိးတောင်ခံစားလို့ရတယ်။ ကျန်းမာရေးအတွက်ဆို သောက်သင့်တယ်။ ပြီးတော့ အချိုဆိုတော့ လူကြီးတွေ၊ ကလေးတွေလည်း သောက်လို့ အဆင်ပြေတယ်။ သောက်လို့ကောင်းတယ်။ အဲ့ဒါကို အစပ်ပုံစံမျိုးနဲ့လည်းရတယ်။

mdn

သူ့ဟင်းပွဲတွေရဲ့ အရသာတွေက အားလုံးလိုလိုပေါ့ပေါ့ပါးပါးလေးတွေပဲ သွားတယ်။ အစပ်ကတော့ ကိုယ်လိုသလိုညှိယူလို့ရတယ်။ အစပ်ဆုံးစားချင်လည်း အစပ်ဆုံးပေါ့။ အထုံတွေ ဘာတွေမကြိုက်လို့ ရှောင်ချင်လည်း ရတယ်။

ပြီးတော့လေ အဲ့ဒီမှာတရုတ်ရိုးရာစွပ်ပြုတ်လို့ခေါ်မလား အဲ့ဒါလည်းရှိတယ်။ ကျောက်ပွင့်နဲ့ ပန်းသစ်တော် ကိုလုပ်ထားတာရယ်။ မုန့်လုံးရေပေါ်ကို လုပ်ထားတာရယ်။ နှစ်မျိုးရှိတယ်။ တရုတ်ရိုးရာပုံစံမျိုးနဲ့ဆိုတော့ ကျန်းမာရေးအတွက်လည်း သင့်တော်တယ်။ တစ်ခွက်မှ (၁၀ဝဝ)ပဲ။ အခုပရိုမိုးရှင်းတစ်ခုက စက်တင်ဘာလ တစ်လလုံးမှာ တစ်ခွက်ဝယ်ရင် တစ်ခွက် လက်ဆောင်ပေးနေတယ်တဲ့။

အခြားပရိုမိုးရှင်းနောက်တစ်ခုက မာလရှမ်းကောအတွက် ယူထားတဲ့ပစ္စည်းတွေမှာ ငါးထောင်ဖိုးပြည့်ရင် သစ်သီးတစ်ပွဲလက်ဆောင်၊ တစ်သောင်းပြည့်ရင် (၁၀ဝဝ)တန် Gift Vouncher တစ်စောင်ပေးတယ်ဗျ ဒါမဲ့အဲ့ဒါကိုတော့ October မှာမှ စ သုံးလို့ရပါမယ်တဲ့နော်..။ ဒါလေးက Information လေးအနေနဲ့ Share ပေးတာပါ။မာလာရှမ်းကောကြိုက်တဲ့သူတွေအတွက် မြည်းစမ်းစရာတစ်ခုရလို့၊ အသစ်အဆန်းလေး ခံစားချင်တဲ့သူတွေ အတွက်လည်း အရသာအသစ်လေး ခံစားနိုင်အောင် ဒီဆိုင်လေးကိုညွှန်းပေးခဲ့ပါတယ်။ 

mdn

Food Court ထဲမှာဆိုတော့ သူ့ဆီမှာမှာပြီးတာနဲ့ သူ့ရဲ့ဧရိယာမှာကြိုက်တဲ့နေရာ လွတ်လွတ်လပ်လပ် ဝင်ထိုင် လို့ရတယ်။ အေးဆေးပဲ။ သက်တောင့်သက်သာလည်းရှိတယ် လောလောဆယ်တော့ လူသိပ်မသိသေးလို့ထင် တယ်။ နည်းနည်းတော့လူရှင်းတယ်။ ဒါမယ့် မာလရှမ်းကော လာလာစားကြတဲ့သူတွေတော့ တွေ့တယ်ဗျ.
သူငယ်ချင်းတို့လည်း လှည်းတန်းစင်တာရောက်ရင် မြည်းစမ်းကြည့်ကြဖို့ လမ်းညွှန်ပေးပါရစေနော်
လိပ်စာအတိအကျက လှည်းတန်းစင်တာ ဒုတိယထပ်မှာပါ။ အဲ့ဒုတိယထပ်ရောက်တာနဲ့ ခြေလှမ်းလေးတွေအတိုင်းပဲ ဆက်လျှောက်သွား။ လမ်းဆုံးရင် ညာဘက်ကိုချိုး အဲ့ဒီ Food Court လေးကိုတွေ့ရမှာပါ။ 
ကဲ.. ဒီအပတ်တော့ဒီလောက်ပဲနော် နောက်မှတွေ့မယ်ဗျ