မာန်အောင်မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်လှစ်

မာန်အောင်  ၂   မတ်

 

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ၁/၂၀၂၀ ဖွင့်ပွဲကိုယနေ့ နံနက် ၈ နာရီက မြို့နယ်မီးသတ် ဦးစီးဌာန၊ ရုံးခန်းမ၌ ဖွင့်လှစ်ရာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက သင်တန်းဖွင့် အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူးဦးထိန်လင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

 ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံ ပေးအပ်ကြသည်။

 

 အဆိုပါ သင်တန်းသို့မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ သင်တန်းသား(၅၀)ဦး တက်ရောက်ကြပြီး သင်တန်းသားများအား မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေ၊ လက်နက်မဲ့စစ်ရေးပြခြင်း၊ မီးငြှိမ်းသတ်ရေး ပစ္စည်းများတပ်ဆင် အသုံးပြုပုံ၊ ရှာဖွေကယ်ဆယ်ရေးနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကို ယခု ၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

                              

သိန်းဖေ(ပြန်/ဆက်)