မာန်အောင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)လုပ်ငန်းများ       ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

mdn

မာန်အောင်  ဇူလိုင် ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ၎င်းမြို့နယ်အတွင်းရှိကျေးရွာ (၂)ရွာတွင် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီက အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှုအား ကွင်း ဆင်းစစ်ဆေးခဲ့သည်။

အဆိုပါစီမံကိန်းကို ၂၀၂၀-၂၀၂၁ ခု၊ဘဏ္ဍာရေးနှစ် (VDP) ရန်ပုံငွေဖြင့် စွန်ပန်းချောင်းကျေး ရွာနှင့် ငရုန်းတောင်(ရွာသစ်)ကျေးရွာတွင် အရှည်ပေ ၄၅၀၊ အကျယ် ၁၀ ပေ၊ အမြင့် ၆ လက်မ ရှိ ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းများသတ် မှတ်စံချိန်စံညွှန်းနဲ့အညီ ပြည့်မီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးကာ အချိန်မီပြီးစီးနိုင်ရေးနှင့် လိုအပ် သည်များကို မှာကြားခဲ့သည်။

မာန်အောင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေးစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခု၊ဘဏ္ဍာရေး နှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာတစ်ရွာလျင် ရန်ပုံငွေ(၁၀.၀၀)ကျပ်သန်းထောက်ပံ့ ပေးထားပြီး ကျေးရွာ(၆၀)ရွာရှိ အခြေခံအဆောက်အဦများဖွံ့ဖြိုးရေးအတွက် လမ်းတံတားများ တည်ဆောက်ပေးခြင်း၊ ရေရရှိရေးဆောင်ရွက်ပေးခြင်းနှင့် ဆေးပေးခန်းဆောက်လုပ်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ရာ ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် ကျေးရွာ(၂)ရွာ နှင့်ဆိုပါက ကျေးရွာပေါင်း ၆၂ ရွာထိအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရှိရသည်။

တင်ဝင်း