မဲလ်ဘုန်းမြို့မှာ လေးလနီးပါးကြာ ထုတ်ပြန်ထားတဲ့ lockdown အမိန့် ရုပ်သိမ်း

၂၆အောက်တိုဘာ

 

 

ဩစတြေးလျနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မဲလ်ဘုန်းမြို့မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချူပ်နိုင်ရန် လေးလ နီးပါး ထုတ်ပြန်ထားတဲ့ အသွားအလာ ကန့်သတ်မှု (lockdown) အမိန့်ကို ပြန်လည် ရုပ်သိမ်းမယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ (တနင်္လာနေ့)မှာ ပြောကြား လိုက်ပါတယ်။

 

 

လူဦးရေ ၅ သန်း နေထိုင်တဲ့ မဲလ်ဘုန်းမြို့မှာ အင်္ဂါနေ့ သန်းခေါင်ယံ အချိန်ကနေစပြီး နေအိမ်မှာပဲနေရန် ထုတ်ပြန်ထားတဲ့ အမိန့်ကို ရုပ်သိမ်းလိုက်ကြောင်းနဲ့ (lockdown) အမိန့် ရုပ်သိမ်းကြောင်း ကြောညာတဲ့  တနင်္လာနေ့မှာ ပိုးတွေ့ရှိသူနဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ မရှိတဲ့နေ့ဖြစ်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ဒန်နီရယ် အန်ဒရူးစ် ကပြောပါတယ်။

 

 

ဗစ်တိုးရီးယား ပြည်နယ်နဲ့ မဲလ်ဘုန်းမြို့မှာ ဇွန် ၈ ရက်နေ့နောက်ပိုင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်သူ မရှိတဲ့ ပထမဆုံးနေ့ ဖြစ်လာပါတယ်။

 

 

ဗစ်တိုးရီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးစ် က ဒီနှစ်ဟာ ခက်ခဲတဲ့ နှစ်ဖြစ်ကြောင်း ဒီနေ့မှာ ပိုးတွေ့တဲ့သူ မရှိတဲ့အတွက် ဒိုးနက်နေ့လို့ ခေါ်ရမှာဖြစ်ကြောင်း ပြောကြားပြီး တားမြစ်ချက်တွေကို ရုပ်သိမ်းကြောင်း သတင်းသမားတွေကို ပြောကြားပါတယ်။

 

 

ဩစတြေးလျနိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မဲလ်ဘုန်းမြို့မှာ ဩဂုတ်လ အတွင်းမှာ နေ့စဉ် ပိုးတွေ့ရှိသူ ၇၀၀ နီးပါး ရှိနေခဲ့ပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး အလှပြင်ဆိုင်တွေနဲ့ ဂေါက်ကွင်းတွေကို ဖွင့်ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ တားမြစ်ချက် အချို့ကို  တနင်္ဂနွေနေ့မှာ မူလက ရုပ်သိမ်းဖို့ ပြင်ဆင်ခဲ့ပေမယ့် မဲလ်ဘုန်းမြို့ရဲ့ မြောက်ပိုင်းမှာ ပိုးကူးစက်သလိုမျိုး ဖြစ်ခဲ့တဲ့အတွက် ထောင်ချီတဲ့ လူတွေကို ရောဂါပိုး စစ်ဆေးခဲ့ရပါတယ်။ ရောဂါပိုး စစ်ဆေးရာ ပိုးမတွေ့ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက  ပြောပါတယ်။

 

 

မဲလ်ဘုန်းမြို့နဲ့ ဗစ်တိုးရီးယား ပြည်နယ်အတွင်း ခရီးသွားလာခွင့်ကို နိုဝင်ဘာ ၈ ရက်နေ့မှာ သွားလာခွင့် ရှိမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မဲလ်ဘုန်းမြို့ခံတွေဟာ ၁၅ မိုင်အတွင်း ခရီးသွားလာခွင့်ရမှာ ဖြစ်ပါတယ်။

 

 

လူဦးရေ ၂၅ သန်း နေထိုင်တဲ့ ဩစတြေးလျနိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို အောင်မြင်စွာ ထိန်းချုပ်နိုင်တဲ့ နိုင်ငံလို့ ဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၇,၅၀၀  နဲ့ သေဆုံးသူ ၉၀၅ ဦးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

a2