မအူပင်မြို့နယ်အတွင်း မြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

နေပြည်တော်  ၁၆  စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်း၌ စက်တင်ဘာလ ၁၅ ရက် မွန်းလွဲ ၃ နာရီက တိုးမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ကျွဲသောင်ကျေးရွာ၌ မြစ်ကမ်းပါးအနီး နေထိုင်သော အိမ်ထောင်စု ၁ စု၊ လူဦးရေ ၃ ဦးတို့သည် ကျေးရွာအတွင်းရှိ ၎င်းတို့၏ ဆွေမျိုးများ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)