မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

မအူပင် ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို မအူပင်မြို့ လူစည်ကားရာ နေရာများဖြစ်သည့်  တေဇလမ်းနှင့် ဘုရားလမ်းဆုံနေရာ၊ အခွန်လွတ်စျေး၊ ပြုံးချိုလေးစျေးများ၌ ဇူလိုင် ၃ ရက် နံနက် နာရီက ပြုလုပ်ခဲ့သည်။

 

အဆိုပါ နှာခေါင်းစည်း Mask များဖြန့်ဝေရာတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်း ၂၇ မှ အရာရှိနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လူစည်ကားရာ အခွန်လွတ်စျေး၊ တေဇလမ်းနှင့် ဘုရားလမ်းဆုံနေရာ၊ ပြုံးချိုလေး စျေးနေရာများရှိ လမ်းမကြီးပေါ်သွားလာနေသော ပြည်သူများကို နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များကို ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ပြည်သူများသိရှိစေရန် လှည့်လည်ကြေညာခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)