MBAPF ၏ “စာဖတ်ကြစို့”စီမံကိန်းဖြင့်ဆောင်ရွက်သော ကျောင်းစာကြည့်တိုက်ဖွင့်လှစ်

အောင်လံ   ၁၄   ဇန်နဝါရီ

 

အောင်လံမြို့နယ် သံချိတ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင်  Myanmar Book Aid & Preservation Foundation (MBAPF)၏ “စာဖတ်ကြစို့စီမံကိန်းဖြင့် အောင်လံမြို့နယ်တွင် ပထမဦးဆုံး အကောင်အထည်ဖော်ဆောင်ရွက်သော “သုတကမ္ဘာကျောင်းစာကြည့်တိုက်ဖွင့်ပွဲနှင့် စုံညီပွဲတော်ကို ယနေ့ နံနက် နံနက်(၉)နာရီခွဲက ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးချစ်လွင်၊     လက်ထောက်ပညာရေးမှူး ဦးသန်းဇော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်း၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျောင်းအကျိုးဆောင်များ၊ သံချိတ် အ.လ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ၄င်းတို့၏ မိဘများ တက်ရောက်ကြသည်။

 

8965

 

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးက အဖွင့်အမှာစကားပြောကြား၍ ပြန်/ဆက်ဦးစီးမှူးက စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဆက်လက်ဆောင်ရွက်ရန် အချက်များကို ရှင်းလင်း ပြောကြားသည်။ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တက်ရောက်လာကြသူများမှ စာကြည်တိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

 

မြို့နယ်ပြန်ဆက်