မြစိမ်းရောင် အကောင်အထည်ဖော် ဆောင်ရွက်မည့်  ကျောက်ပန်းတောင်းမြို့နယ်မှ ကျေးရွာ ၄၄ ရွာတွင်    စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်

ကျောက်ပန်းတောင်း  ၂၅  ဇန်နဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဒုတိယ ၁၂ လအထိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများအား၊ စီမံကိန်းရန်ပုံငွေများပြန်လည်ထုတ်ချေးခဲ့ပြီးဖြစ်ရာ၊ စီမံကိန်းကျေးရွာ ၄၄ ရွာတွင် လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဒုတိယ ၁၂ လအထိ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ၄၄ ရွာ၊ အိမ်ထောင်စု ၂၂၀၁၄ စုရှိကြောင်းသိရပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့် ဝန်ထမ်းများကကြီးကြပ်၍ ၂၀၁၉-ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်ကာ၊ ဇန်နဝါရီလ(၁၄)ရက်နေ့အတွင်း  စီမံကိန်းချေးငွေ ကျပ်သန်း ၁၆၆၃ ဒသမ ၃၉၅ သန်းကို  ပြန်လည် ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ မြစိမ်းရောင် စီမံကိန်းချေးငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့်သူ ၃၅၄၃ ဦး၊  မွေးမြူရေးဖြင့်  စီမံကိန်းဆောင်ရွက်မည့် အိမ်ထောင်စု ၂၂၀၄ ဦး၊ ရေလုပ်ငန်းဖြင့် စီမံကိန်း ဆောင်ရွက်မည့်သူ ၃၉ ဦး၊ ကုန်ထုတ်လုပ်ငန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်သူ တစ်ဦး၊ အရောင်းအဝယ် လုပ်ငန်းဆောင်ရွက်မည့်သူ ၃၀၇ ဦး၊ အသက်မွေးဝမ်းကျောင်းဖြင့် လုပ်ငန်းဆောင်ရွက်မည့်သူ ၂၁ ဦး၊ စုစုပေါင်းတောင်သူ ၆၁၁၅ ဦးရှိကြောင်း သိရပြီး၊ ယခုအခါ စီမံကိန်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက် ရှိနေကြပြီဖြစ်ကြောင်း သိရသည်။

 

နေအောင်

Related Articles