မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်ဓါတ်ပုံအသင်းနှင့် Nikon Myanmar တို့ ပူးပေါင်းကျင်းပသော  Basic Photography and Advance Course သင်တန်းဖွင့်

မြစ်ကြီးနား  ၁၄     ဇန်နဝါရီ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌  ကချင်ပြည်နယ်ဓါတ်ပုံအသင်းနှင့် Nikon Myanmar တို့ပူးပေါင်း ကျင်းပသော Basic Photography and Advance Course သင်တန်းကို ယနေ့နံနက်(၉)နာရီခွဲတွင် မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန( Community Centre)ဘက်စုံသုံး ခန်းမ၌ ကျင်းပခဲ့သည်။

 

အစီအစဉ်အရ ကချင်ပြည်နယ် ဓါတ်ပုံအသင်း ဥက္ကဋ္ဌ ဦးပေါလုက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဓါတ်ပုံအသင်းအမှုဆောင် ကော်မတီဝင် Nikon School  Myanmar မှ သင်တန်းတာဝန်ခံ ဆရာတင်အောင်ကြီး (မန်းတက္ကသိုလ်)က မိတ်ဆက်အမှာစကားပြောကြားပြီး ကင်မရာကိုင်သွယ်အသုံးပြုခြင်း၊ ပုံကောင်းတစ်ပုံ ရိုက်ကူးခြင်း၊ လျှပ်တပြက်မီးအသုံးပြုခြင်းနှင့် (Indoor Outdoor) ဓါတ်ပုံအမျိုးမျိုး ရိုက်ကူးခြင်း၊ ကင်မရာပညာရပ်များနှင့် ဓါတ်ပုံပညာရပ်များကို ဆွေးနွေးပို့ချခဲ့သည်။

 

အဆိုပါ ကချင်ပြည်နယ်ဓါတ်ပုံအသင်းနှင့် Nikon Myanmar တို့ပူးပေါင်းကျင်းပသော Basic Photography and Advance Course သင်တန်းကို ဇန်နဝါရီ ၁၄ ရက်မှ ၁၇ ရက်အထိ ဆွေးနွေး ပို့ချသွားမည်ဖြစ်ပြီး မြစ်ကြီးနားခရိုင်အတွင်းရှိ ဓာတ်ပုံဝါသနာရှင် (၆၀) တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

 

စိန်ဝင်း(ပြန်/ဆက်)