မြစ်ကြီးနားမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

မြစ်ကြီးနာ  ၁၃   အောက်တိုဘာ   

နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို အောက်တိုဘာ ၁၀ ရက်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းပြုလုပ်ပေးရာတွင် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးဇော်ရာ က နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု၊ မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့် နည်းစနစ်များနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ရန်အတွက် ပါရှိရမည့် အထောက်အထားများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
 
အဆိုပါ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာတွင် ရပ်ကွက်နေပြည်သူ ကျား ၄၅ ဦး၊ မ ၄၆ ဦး၊ စုစုပေါင်း ကျား/မ (၉၁)ဦးအား အထောက်အထားများ စိစစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးနှင့် NRC (Norwegian Refugee Council) တို့ ပူးပေါင်း၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)