မြစ်ကြီးနားနှင့် မဘိမ်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၀  ဧပြီ  

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်     ဧပြီ ၁၉ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ နယ်မြေ (၁၁) ရှိ ကိုကိုအောင် (ခ) အောင်ကြီး၏ နေအိမ်ဆိုင်ခန်းကိုရှာဖွေရာ ၎င်းနှင့်အတူ ပေါက်စ၊ ဖြိုးဝေထွန်းတို့ကို တွေ့ရှိပြီး ၎င်းအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၄,၅၅၄ ပြား၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ နံနက်ပိုင်းတွင် မဘိမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်  မဘိမ်းမြို့နယ်၊ ဘဟဲကျေးရွာအုပ်စု၊ ဘဟဲကျေးရွာနေ နန်းဌေးအောင်၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

(ရဲပြန်ကြား)