မစင်ကိုကိုင်ပြီးတက်လာတဲ့ ဘီလ်ဂိတ်ရဲ့ အိမ်သာပုံစံအသစ်ကို တရုတ်နိုင်ငံမှာ မိတ်ဆက်

၉ နိုဝင်ဘာ

 

ကမ္ဘာမှာ အချမ်းသာဆုံးသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မိုက်ခရိုဆော့ ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်ဟာ မစင်ထည့်ထားတဲ့ ဗူးတစ်ဗူးကို ကိုင်ပြီး တရုတ်နိုင်ငံရဲ့ အိမ်သာဒီဇိုင်းပြောင်းလဲရေး သုံးနှစ်စီမံကိန်း စီးပွားရေးဆွေးနွေးပွဲကို အင်္ဂါနေ့က တက်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ 

 

 

ဘီလ်ဂိတ် က သူတီထွင်ထားတဲ့ အိမ်သာပုံစံအသစ်မှာ ရေကိုမလိုသလို ရေသိုးအဖြစ်လည်း ပြောင်းစရာလိုဘဲ ဓါတုပစ္စည်းတွေကနေ လူ့မစင်ကို မြေသြဇာအဖြစ် ပြောင်းလဲမှာဖြစ်ပါတယ်။ အဲဒီအိမ်သာရဲ့ အပြင်ပိုင်းပုံစံက အမျိုးမျိုးဖြစ်နိုင်ပေမယ့် အခြေခံသဘောဖြစ်တဲ့ အရည်နဲ့ မစင်တုံးတွေကို ခွဲခြားပေးတဲ့ ပုံစံနဲ့ တည်ဆောက်ထားတာကို တွေ့ရပါတယ်။ အသုံးပြုမယ့် ဓါတုပစ္စည်းဆိုတာကလည်း ကွန်ပြူတာတစ်လုံးကို ဥပမာပေးပြီး ရှင်းပြသွားပါတယ်။ ကွန်ပြူတာတစ်လုံးလို တစ်ကိုယ်စာအသုံးပြုလို့ရတဲ့ အရာဖြစ်တယ်။ အကြီးအကျယ်မဟုတ်ဘူး။ အဲဒီလိုဘဲ ဓါတုပစ္စည်းလည်ပတ်မှုကလည်း နေအိမ်သုံးအဆင့် ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအသုံးပြုနေတဲ့ အိမ်သာဟာ ရေနဲ့ဖယ်ထုတ်တဲ့ ပုံစံဖြစ်တဲ့အတွက် ရေသိုးတွေအဖြစ် ပြောင်းသွားတာဖြစ်ပါတယ်။  

 

 

အခုအသစ်ထုတ်လုပ်လိုက်တဲ့အိမ်သာရဲ့ အစိတ်အပိုင်းအချို့ကို တရုတ်၊ ထိုင်းနဲ့ အမေရိကန်နိုင်ငံတွေမှာ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ အိမ်သာတန်ဖိုးမှာ ဈေးသက်သာသလို ပါဝင်တဲ့ ကိရိယာများကလည်း တပ်ဆင်ရတာ လွယ်ကူကြောင်း ပြောပါတယ်။ 

 

ကမ္ဘာမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စနစ်မရှိတာကြောင့် အသက် ၅ နှစ်အောက်ကလေးငယ် ၅ သိန်းလောက် နှစ်စဉ်သေဆုံးနေတယ်။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်စရိတ် အနေနဲ့လည်း တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂၀ဝ ဘီလီယံလောက် သုံးစွဲနေရတဲ့အတွက် ဝင်ငွေဆုံးရှုံးမှုတွေ ဖြစ်နေတယ်လို့ ဘီလ်ဂိတ် ဖောင်ဒေရှင်းရဲ့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ 

 

MDN
ကိုးကား - AFP