မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ၂၈ ဦး ထပ်မံတွေ့ရှိ

မြစ်သား ဇူလိုင် ၃ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဇူလိုင်း ၃ ရက် နံနက် ၁၀ နာရီက ကိုဗစ်-၁၉ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ ပိုးတွေ့ရှိသူ ၂၈ ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာများနှင့် ထိစပ်ခဲ့သူ အမျိုးသား၊ အမျိုးသမီး ၈၃ ဦးတို့အား Red Test Kid ဖြင့် စစ်ဆေးခဲ့ရာ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦး၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၉ ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ၂၈ ဦးတို့တွင် ရောဂါပိုးတွေ့ရှိကြောင်းနှင့် မြစ်သားမြို့နယ်တွင် ယနေ့ထိကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၅၁ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများအား မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မေတ္တာရှင်လူမှု ကူညီရေးအသင်းတို့က မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြည်သူ့ဆေးရုံမှ စောင့်ကြည့် ကုသပေးလျက်ရှိကြောင်းသိရသည်။

မြမြမွန်(မြစ်သား)