မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျူံအန် တိုင်ဖွန်းမုန်တိုင်း ဘေးသင့်ဒေသသို့ သွားရောက် ကြည့်ရှု

၂၈ ဩဂုတ်

 

 

တိုင်ဖွန်းမုန်တိုင်း ဒဏ်ခံခဲ့ရသည့် ဒေသများသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သွားရောက်ခဲ့ ကြည့်ရှုခဲ့ကြောင်း  မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းစာက ပြောကြားခဲ့သည်။

 

 

တိုင်ဖွန်းမုန်တိုင်း ဘာဘီသည် ကြာသပတေးနေ့က မြောက်ကိုရီးယားနိုင်ငံ၏  အနောက်မြောက်ဘက်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး တရုတ်ပြည်အရှေ့မြောက်ပိုင်းကို ဖြတ်သန်းပြီးနောက် အပူပိုင်းဒေသတွင် အားပျော့သွားခဲ့သည်ဟု ဆိုသည်။

 

 

သောကြာနေ့တွင် ကင်ဂျောင်အန်းသည် နိုင်ငံ၏ တောင်ပိုင်း ဟွမ်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံ အာဏာရ အလုပ်သမားပါတီဖြစ်သည့် ရိုဒေါင်ရှင်းမူက ဖော်ပြထားသည်။

 

 

တိုက်ဖွန်း မုန်တိုင်းတိုက်ခတ်ပြီးနောက် ကင်သည် ချက်ချင်းပင် သီးနှံများ စိုက်ပျိုးသည့် နေရာများသို့ ရောက်ရှိခဲ့သည်ဟု ယုံကြည်ရသော်လည်း အစီရင်ခံစာတွင် ၎င်း၏ ခရီးစဉ်ကိုမူ အတိအကျ မဖော်ပြခဲ့ပေ။

 

 

အခြေအနေကို အလွန်စိတ်ပူမိကြောင်းနှင့်  မျှော်လင့်ထားသည့်အတိုင်း ပျက်စီးဆုံးရှုံးမှု ပမာဏ နည်းပါးနေသေးသည်မှာ ကံကောင်းကြောင်း  ကင်က ပြောကြားခဲ့သည်။

 

 

သီးနှံဈေးနှုန်း ကျဆင်းခြင်းကို လျော့နည်းစေရန်  အစီအမံများ ပြုလုပ်ရန် အရာရှိများအား ကင်က ညွှန်ကြားခဲ့သည်။

 

 

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှစပြီး  ကြာသပတေးနေ့ညအထိ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုနှင့် ပတ်သက်ပြီး ပြည်သူများအား သတိထားကြရန် ကင်က တိုက်တွန်းပြောဆိုခဲ့သည်။

 

 

ကင်မ်၏ အလည်အပတ် ခရီးကို အလျင်အမြန်ဖော်ပြခြင်းသည် မြောက်ကိုရီးယား ခေါင်းဆောင်က ပြည်သူများ၏ ဘဝကို ကာကွယ်ရန်  ဦးစားပေးကြောင်း ပြသရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း  လေ့လာသူများက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်