မောက်မယ်မြို့နယ်၌ COVID-19 ရောဂါ အတည်ပြုလူနာ(၉)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်သဖြင့် နေအိမ်သို့ ပြန်ခွင့်ပြု

မောက်မယ် စက်တင်ဘာ  ၁၇

           

ရှမ်းပြည်နယ်( တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ဇူလိုင်လ(၁၈)ရက်နေ့မှ ယမန်နေ့အထိ ကုသပေးလျက်ရှိသော ဟိုနမ့်တိုက်နယ်ဆေးရုံသီးသန့်ဆောင်များရှိ ကိုဗစ်-၁၉ရောဂါ တွေ့ရှိိသည့် အတည်ပြုလူနာ(၁၀)ဦးအနက် (၉)ဦးအား ကျန်းမာရေးပြန်လည်ကောင်းမွန် လာသဖြင့် မိမိတို့၏နေအိမ်များသို့ ယမန်နေ့ညနေပိုင်းက ပြန်နေခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

မောက်မယ်မြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါတွေ့ရှိိသည့် အတည်ပြုလူနာပေါင်း (၉၉)ဦးရှိပြီး ယင်းအနက်သေဆုံးသူ (၂)ဦးရှိ၍ (၉၆)ဦးမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ကာ ယခုဆေးကုသမှုခံယူနေသူ မြို့နယ်ပြည်သူ့ဆေးရုံသီးသန့်ဆောင်နှင့် မြို့နယ်နမ့်ယွမ်း ခန်းမ Positive Centre တွင် မရှိတော့ကြောင်း ဟိုနမ့်တိုက်နယ်ဆေးရုံတွင်(၁)ဦးသာ ကျန်ရှိကြောင်း  ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။       

                                                                                                                                                           

စိုင်းမျိုးသန့်(မောက်မယ်)