မောက်မယ်မြို့နယ်၌ မွေးစမှ အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်

မောက်မယ်          စက်တင်ဘာ    ၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မွေးစမှအသက်(၁)နှစ်ခွဲ အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း/ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့ပေါ်ရှိရပ်ကွက်များမှ ယနေ့နံနက်(၉)နာရီမှစ၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။  

 

အဆိုပါကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်း မရှိသော (၂)နှစ်အောက်ကလေးငယ်များကိုပါ လိုအပ်သည့်ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေးလျက်ရှိသည်။

 

ယခုထိုးနှံပေးသည့် ကာကွယ်ဆေးများမှာ မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအတွက် သတ်မှတ်ကာကွယ်ဆေးများဖြစ်သည့် ဘီစီဂျီ၊ အသဲရောင် အသားဝါဘီရောဂါ ၊ ပိုလီယိုရောဂါ၊     ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါ ၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)နှင့် ဆုံဆို့နာ ၊ ကြက်ညာချောင်းဆိုး ၊ မေးခိုင်ရောဂါ ၊ ဦးနှောက်အမြှေးရောင်ရောဂါ အစရှိသည့် ရောဂါများကို ကာကွယ်နိုင်ရန်အတွက် (၅)မျိုးစပ် ကာကွယ်ဆေးဖြစ်သည့် ထိုးဆေး / အစက်ချသောက်ဆေးတို့ဖြစ်ကြောင်း ကျန်းမာရေး ဆရာမများ ထံမှသိရသည်။

                                                                                                                                                                       

စိုင်းမျိုးသန့်(မောက်မယ်)