မြောက်ဥက္ကလာပမြို့နယ်ရှိ ပြတိုက်ငယ်သို့ တိုင်းရင်းသားရိုးရာဝတ်စုံများ လှူဒါန်း

ရန်ကုန် ၂၀   ဇူလိုင်    

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် တိုင်းရင်းသားရိုးရာဝတ်စုံများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြတိုက်ငယ် (Museum) တွင် ဆောင်ရွက်ခဲ့ပါသည်။

 

အဆိုပါ အခမ်းအနားတွင် မြောက်ဥက္ကလာပမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ခိုင်ဝါဝါထွဋ်နှင့် အဖွဲ့ဝင်များက မြို့နယ် ပြန်/ဆက်ရုံး ပြတိုက်ငယ်တွင် ပြသရန်  ရှမ်းတိုင်းရင်းဝတ်စုံ၊ ပအို့ တိုင်းရင်းသားဝတ်စုံ၊ ချင်တိုင်းရင်းသားဝတ်စုံ၊ ရခိုင်တိုင်းရင်း သားဝတ်စုံနှင့် မွန်တိုင်းရင်းသားဝတ်စုံများ လှူဒါန်းခဲ့ပြီး မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်မြမြဝင်းက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

 

(မြို့နယ်ပြန်/ဆက်)