မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသူ  ၁၁ ဦးအား ဆေးရုံဆင်းခွင့်ပြု

မြောက်ဦး  ၁၁  အောက်တိုဘာ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ဆေးကုသနေပြီး ရောဂါ သက်သာပျောက်ကင်းသူ ၁၁ ဦးအား ယနေ့ မွန်းတည့် ၁၂ နာရီက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ရသူ ၁၁ ဦးအား မိမိနေအိမ်တွင် (၇) ရက် အသွားအလာကန့်သတ်ထားကာ သီးသန့်နေထိုင်ရ မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ရန်အချက်များကို တိကျစွာလိုက်နာကြရန် မြို့နယ် ဆရာဝန်ကြီးနှင့် သူနာပြုဆရာမများက မှာကြားပြီး ဆေးရုံဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် ၄င်းတို့အား မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များက နေအိမ်အသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

မြောက်ဦးမြို့တွင် ယနေ့ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၄၅ ဦးရှိရာ ယနေ့တွင် ကျန်ရှိသည့်လူနာ ၁၁ ဦးအား ဆေးရုံဆင်းခွင့်ပြုခဲ့သဖြင့် စုစုပေါင်း ဆေးရုံဆင်းခွင့်ရသူ ၁၄၅ ဦးရှိကာ ဆေးရုံတွင် ကိုဗစ်ရောဂါဖြင့် ဆေးကုသမှုခံယူနေသူ မရှိတော့ကြောင်း ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။

(ခရိုင် ပြန်/ဆက်)