မြောက်ဦးမြို့ ကရုဏာလှိုင်း သွေးအလှူရှင်များအသင်းသို့ လူနာတင်ယာဉ် (၂)စီးလှူဒါန်း

မြောက်ဦး  စက်တင်ဘာ  ၁၃

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက် ဒေသနေမိဘပြည်သူများ၏ ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေများတွင် ကူညီဆောင်နိုင်ရန်အတွက် ကရုဏာလှိုင်း သွေးအလှူရှင်များအသင်းသို့ အရေးပေါ်လူနာတင်ယာဉ် (၂)စီး လှူဒါန်းပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါအသင်းရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် အလှူရှင်များဖြစ်သည့် မြောက်ဦးမြို့ တောင်ရပ် ရပ်ကွက်မှ အလှူရှင် ဦးအောင်လှထွန်း၊ ဇနီးဒေါ်မသာနှင်း(ဆေးဆိုင်) သမီး မအေးအေးနွယ်၊ မဆုမွန်ထွန်း မိသားစုဝင်များမှ အရေးပေါ် လူနာတင်ယာဉ်(၁)စီးနှင့် ထမ္မရာဇ်ရပ်ကွက်မှ အလှူရှင် ဦးကျော်သိန်းလှိုင်၊ ဇနီး ဒေါ်ခင်နှင်းဖြူ (သာလီစွ ဆီဆိုင်) သား မောင်သန်းဇော်ဦး မိသားစုဝင်များမှ အရေးပေါ်လူနာတင်ယာဉ် (၁)စီးတို့ကို ကရုဏာလှိုင်း သွေးအလှူရှင်များအသင်းဉက္ကဋ္ဌ ဦးအောင်သန်းထွန်းထံ လွှဲပြောင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)