မြောက်ဦးမြို့ဘုရားပေါ်ရပ်ကွက်သို့ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး  ကွင်းဆင်းဆောင်ရွက်

မြောက်ဦး  ၁၇   ဇွန် 

 

ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ နာရီ အချိန်က မြောက်ဦးမြို့၊ ဘုရားပေါ်ရပ်ကွက်သို့သွားရောက်ကာ သွေးလွန်တုတ်ကွေးရောဂါများမဖြစ်ပေါ်စေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ပိုးလောက်လန်းသေ အဘိတ်ဆေးများခပ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဘုရားပေါ်ရပ်ကွက်အတွင်းရှိ ရေတွင်း၊ ရေကန်၊ ရေလှောင်ကန်များထဲသို့ အဘိတ်ဆေးများခပ်ပေးခြင်းနှင့် ခြင်ခိုအောင်းပေါက်ပွားနိုင်သော စဉ့်အိုးများ၊ ဘုရားညောင်ရေပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့်အတူ ကျန်းမာရေးအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောမှု များပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို ခရိုင်(ရပကန)အဖွဲ့မှ ငှက်ဖျားအင်စပက်တော် ဦးကျော်ဆန်းလင်း ဦးဆောင်ကာ မိခင်ကလေးကျန်းမာရေးဌာနမှဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး သွေးလွန်တုတ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း ကွင်းဆင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။


    
MDN

 

FB_IMG