မော်လိုက်မြို့၏ အရှေ့မြောက်ဘက် (၁၈)မိုင် ခန့်အကွာတွင် ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

တမူး ၂၂ ဖေဖော်ဝါရီ

 

ယနေ့ ညနေ ၆ နာရီ ၁ မိနစ်တွင် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင်(၃၀) ခန့်အကွာတွင် အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါ ငလျင်သည် မော်လိုက်မြို့၏ အရှေ့မြောက်ဘက် (၁၈)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် (၂၃ ဒသမ ၈၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၅၈) ဒီဂရီ၊ အနက် (၇၈)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

MDN